DVB Logo
Home
မြန်မာသတင်း
ပွဲလမ်းမလုပ်ရသဖြင့် အခက်တွေ့နေသည့် သဘင်အနုပညာရှင်များကို သဘင်အစည်းအရုံး ကူညီမည် 
DVB
·
March 22, 2020
ပွဲလမ်းမလုပ်ရသဖြင့် အခက်တွေ့နေသည့် သဘင်အနုပညာရှင်များကို သဘင်အစည်းအရုံး ကူညီမည် 
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ မလုပ်ရဘူးလို့ ညွှန်ကြားထားတာကြောင့် သဘင်အနုပညာရှင်တွေ အခက်အခဲ ဖြစ်နေတာကို ကူညီဖြေရှင်းပေးမယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ပြောပါတယ်။

ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အနုပညာရှင်တွေအနေနဲ့ လူစုလူဝေး၊ ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ ညွှန်ကြားခဲ့ပြီးနောက်ပိုင်းမှာ သဘင်အနုပညာရှင်တွေ အခက်အခဲတွေ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံ သဘင်အစည်းအရုံးကနေ ကူညီဖြေရှင်းပေးသွားမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဒု-ပြန်ကြားရေးတာဝန်ခံ ဦးကောင်းကျော်က ပြောပါတယ်။ 

“မတ်လ ၁၃ ရက်ကနေ ဧပြီ ၃၀ အတွင်း လူစုလူဝေး ပွဲလမ်းသဘင်တွေနဲ့ပတ်သက်တာတွေ ခွင့်မပြုတော့ဘူးဆိုတော့ ပါမစ်ကျပြီးသား ဘုရားပွဲတွေ၊ အလှူပွဲတေွ၊ တခြားပွဲတွေမှန်သမျှ မရသေးတဲ့သူတွေလည်း ထပ်မပေးတော့သလို ရပြီးသား ပွဲမိန့်တွေလည်း အကုန်ပိတ်လိုက်တဲ့အတွက် ရပ်တဲ့ဟာရပ်၊ ပြန်လာကြရတာပေါ့လေ။ စရန်ကိစ္စတွေ၊ ပွဲကြိုယူထားတဲ့ ကြိုသုံးစရန်တေွ ပေးရမယ့်အပိုင်းတွေ အများကြီး ပါလာပြီ။ ဗဟိုက တာဝန်ယူလုပ်ပေးရမှာတွေကို လူကြီးတွေအားလုံးက နှစ်ဦးနှစ်ဖက် အဆင်ပြေမျှတအောင် ဆောင်ရွက်ရှင်းပေးရမှာပေါ့။”

ကျန်းမာရေးဝန်ကြီးဌာနကနေ COVID-19 ကြိုတင်ကာကွယ်ဖို့ မတ်လ ၁၆ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ လူစုလူဝေးမပြုလုပ်ဖို့ ညွှန်ကြားခဲ့ပြီးနောက်ပိုင်းမှာ ရုပ်ရှင်ရုံတွေ၊ ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေနဲ့ စတဲ့ လူစုလူဝေးနေရာတွေကို ယာယီပိတ်သိမ်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။

အခုလို ယာယီပိတ်သိမ်းတာတွေက COVID-19 ရောဂါကြိုတင်ကာကွယ်ဖို့အတွက်ဖြစ်ပြီး ပရိသတ်တွေ မစိုးရိမ်ကြဖို့ကိုလည်း သရုပ်ဆောင် ဦးဝင်းမြိုင်က ပြောပါတယ်။

“မြန်မာပြည်မှာ COVID-19 သံသယလူနာတော့ ရှိတယ်။ ပိုးရှိတာ မတွေ့ဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။ အဲဒီအတွက် ပရိသတ်တွေအနေနဲ့ အထူးစိုးရိမ်ကြောင့်ကြနေစရာ မလိုပါဘူး။ ရုပ်ရှင်ပိတ်တဲ့ကိစ္စမှာလည်း ကြိုတင်ကာကွယ်တဲ့သဘောပါပဲ။”

အများပြည်သူတွေ COVID-19 အသိပညာပေး ဆောင်ရွက်ဖို့အတွက် အဆိုတော် ဖြူဖြူကျော်သိန်း၊ ဖြိုးပြည့်စုံ၊ ချစ်သုဝေနဲ့ နီနီခင်ဇော်တို့က ရောဂါကြိုတင်ကာကွယ်ဖို့ အသိပညာပေးတာတွေကို လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013