DVB Logo
Home
မြန်မာသတင်း
နှစ်ပေါင်း ၄၀ အတွင်း တောင်ကြီးမြို့က မိုးကုတ်ဝိပဿနာ တရားစခန်း ပထမဦးဆုံးအကြိမ်ပိတ်
DVB
·
March 20, 2020
နှစ်ပေါင်း ၄၀ အတွင်း တောင်ကြီးမြို့က မိုးကုတ်ဝိပဿနာ တရားစခန်း ပထမဦးဆုံးအကြိမ်ပိတ်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်COVID-19 ကြောင့် နှစ်စဉ် ကျင်းပတဲ့ တောင်ကြီးမြို့က မိုးကုတ်ဝိပဿနာ တရားစခန်းကို ဧပြီလကုန်ထိ ပိတ်လိုက်ပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

မိုးကုတ်ဝိပဿနာ တရားစခန်းဟာ နှစ်စဉ်တရားစခန်း ၁၀ ကြိမ် ပြုလုပ်ဖို့ ပြင်ဆင်ထား ပေမယ့် အခုနှစ်မှာတော့ တစ်ကြိမ်သာပြုလုပ်နိုင်ခဲ့တယ်လို့ တောင်ကြီး မိုးကုတ်ဝိပဿနာ တရားစဉ်ပြန့်ပွားရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ 

မိုးကုတ်ဝိပဿနာတရားစခန်းဟာ တောင်ကြီးမြို့မှာအကြီးဆုံး တရားစခန်းဖြစ်ပြီး တရားစခန်းတစ်ကြိမ်မှာ ယောဂီအနည်း ဆုံး ၈၀၀ ကျော်လောက်ရှိတယ်လို့သိရပါတယ်။ 

တရားစခန်းပြန်လည်ဖွင့်တဲ့အချိန်ကျရင် အများပြည်သူတွေသိအောင် အကြောင်းပြီး လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  

မိုးကုတ်ဝိပဿနာ တရားစခန်းကျင်းပလာတာ နှစ်ပေါင်း ၄၀ ရှိပြီဖြစ်ပြီး တစ်ခါမှရပ်နားခြင်း ပိတ်သိမ်းခြင်းမရှိခဲ့ပဲ ကျင်းပလာခဲ့တာဖြစ်ကာ အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ် ပြဿနာကြောင့် ရပ်နားလိုက်တာလည်းဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013