DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် စောင့်ကြည့်လူနာအပါအဝင် အသက် ၇၀ ကျော်အရွယ် လူနာ ၂ ဦး ထပ်မံသေဆုံး
DVB
·
March 20, 2020
ပဲခူးတိုင်းတွင် စောင့်ကြည့်လူနာအပါအဝင် အသက် ၇၀ ကျော်အရွယ် လူနာ ၂ ဦး ထပ်မံသေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်းမှာ အသက် ၇၀ ကျော်အရွယ်လူနာ ၂ ဦးထပ်မံသေဆုံး သွားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  မတ်လ ၁၉ ရက် ည ၈ နာရီက သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ကုသပေးနေတဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်နေ အသက် (၇၄) နှစ်အရွယ် အမျိုးသားတစ်ဦး မတ်လ ၁၉ ရက်မနက်က သေဆုံးသွားခဲ့ပါတယ်။

 ပဲခူးတိုင်း၊ မင်းလှမြို့နယ်နေ အသက် (၇၁)နှစ် အရွယ် အမျိုးသမီး တစ်ဦးကလည်း ကြို့ပင်ကောက်မြို့ ပုဂ္ဂလိကဆေးရုံကိုရောက်လာပြီး မတ်လ ၁၉ ရက်က သေဆုံးသွားတဲ့ အကြောင်းနဲ့  နာတာရှည်အဆုတ်ပွရောဂါအခံရှိပြီး လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်တာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။

အဆိုပါလူနာထံ ၂ ဦးထံက  ဓာတ်ခွဲနမူနာ ရယူပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးထားကာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ မရှိ မသိရသေးပါဘူး။

မတ်လ ၁၈ ရက်နေ့ကလည်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ စောင့်ကြည့်လူနာတွေထဲက  လူနာ ၃ ဦး သေဆုံးသွားခဲ့ပါတယ်။ မတ်လ ၁၈ ရက်နေ ၁၉ ရက်အထိ စောင့်ကြည့်လူနာအသစ် (၁၈) ဦး ထပ်တိုးလာတယ်လို့လည်းသိရပါတယ်။

ဇန်နဝါရီ ၃၁ ရက်မှ မတ်လ ၁၉ အထိ  နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည်နဲ့ သံသယလူနာ ရန်ကုန်တိုင်းမှာ ၇၄ ဦး၊ မန္တလေးတိုင်းမှာ ၃၃ ဦး၊ ရှမ်းပြည်နယ်မှာ ၂၇ ဦး၊ တခြားတိုင်းနဲ့ပြည်နယ်တို့မှာ ၄၁ ဦး၊ စုစုပေါင်း ၁၇၅ ဦးရှိပြီး စောင့်ကြည့်လူနာနဲ့ သံသယလူနာတွေထဲက သေဆုံးသူစုစုပေါင်း ၈ ဦးရှိပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးဘူးလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013