DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဂိတ်မှ နိုင်ငံခြားသားများဝင်ရောက်ခွင့် ယာယီပိတ်ပင်
DVB
·
March 19, 2020
နယ်စပ်ဂိတ်မှ နိုင်ငံခြားသားများဝင်ရောက်ခွင့် ယာယီပိတ်ပင်
1 / 5
Donate to DVB

မြန်မာနယ်စပ်စစ်ဆေးရေးဂိတ်တွေကနေ  ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံခြားသားတွေ  ဝင်ရောက်ခွင့်ကို မတ်လ ၁၉ ရက်ကစတင် ယာယီပိတ်ပင်တားမြစ်လိုက်တဲ့ အကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။ 

COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မည့်သည့် နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြားဖွင့်လှစ်ထားတဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေကတဆင့်   မြန်မာနိုင်ငံဘက်ကို ပြည်ဝင်ခွင့်ဗီဇာနဲ့ ဝင်ရောက်ခွင့်ကို ယာယီ ပိတ်ပင်ထားမြစ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 နှစ်ဖက်ဒေသခံ ပြည်သူတွေ နယ်စပ် ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass) နဲ့ ဝင်ရောက်ခွင့်ကိုမူတော့ ပိတ်ပင်မှာမဟုတ်ဘဲ ဝင်ရောက်လာသူတွေကို ကိုယ်အပူချိန် တိုင်းတာတာနဲ့ ကျန်းမာရေးစိစစ်တာတွေ  တင်းကြပ်စွာ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တွေရှိရာ  မြ၀တီ၊ ကော့သောင်းနဲ့ တာချီလိတ်မြို့တွေမှာ  မတ်လ ၁၉ ရက် မနက် ၁၀ နာရီကစတင်ပြီး နိုင်ငံခြားသားအဝင်အထွက်အားလုံးကိုပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) ဖြတ်သန်းရာမှာ မြန်မာနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေကလွဲပြီး တခြားနိုင်ငံသားတွေ ဝင်ခွင့်ကို ဒီကနေ့ မနက်က စတင်ပိတ်လိုက်ပါတယ်။

အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နိုင်ငံခြားသား ဝင်ရောက်လာပြီး ပြည်တွင်းကနိုင်ငံသူ နို်ငငံသားတွေကိုရောဂါ  မကူးစက်နိုင်ရေးအတွက်ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ 

မဲဆောက်-မြဝတီချစ်ကြည်ရေး တံတားပေါ်ကနေ နေ့စဉ်ဖြတ်သန်းသူ အများအပြား ရှိနေပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး သင်္ကြန်ကာလနေရပ်ပြန်သူအနေနဲ့ လက်ရှိကာလမှာလူဦးရေ ၃၅၀၀ ပမာဏရှိနေတယ်လို့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး  စောဘိုဘိုဝေမောင်က ပြောပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်တာမရှိစေဖို့  မြဝတီနယ်စပ်မှာ ကျန်းမာရေးစစ်ဆေးပေးတဲ့ လုပ်ငန်းတွေကိုအလေး ထားဆောင်ရွက်နေပြီး ပြည်နယ်အစိုးရအပြင်၊ ဝင်မှုကြီးကြပ်ရေးစတဲ့ ဌာနပေါင်းစုံ  စုပေါင်းဆောင်ရွက်တာတွေရှိနေတယ်လို့ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။ 

ဒါ့အပြင်ချစ်ကြည်ရေးတံတားပေါ်ကနေ နိုင်ငံတွင်းပြန်မဝင်ပဲ သောင်ရင်းမြစ်ကနေလှေနဲ့ ဝင်ထွက်သွားလာနေတဲ့ ရွေ့ပြောင်းလုပ်သားတွေကိုလည်း မြဝတီမြို့က တာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရကနေ ကျန်းမာရေးစစ်ဆေး လုပ်ဆောင်နေပါတယ်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနယ်စပ်ဂိတ်မှာ ဒီနေ့ မနက် ၁၀ နာရီကစတင်ပြီး နိုင်ငံခြားသားအဝင်အထွက်အားလုံးကို ယာယီပိတ်လိုက်တယ်လို့ ကော့သောင်း လဝကရုံးက သိရပါတယ်။

ကော့သောင်း လဝက ဒုတိယဌာနခွဲမှူး ဦးသန်းထွဋ်လွင် “ကျနော်တို ဒီနေ့ ညွှန်ကြားစာရောက်ပါတယ်။ နိုင်ငံခြားသားတွေကို ပိတ်တယ်ဆိုတဲ့နေရာမှာ​ မြန်မာနိုင်ငံကိုဝင်လာမယ့် နိုင်ငံခြားသားတွေ နိုင်ငံကူးလက်မှတ်​တွေနဲ့ အဝင်ဗီဇာ ကင်းလွတ်ခွင့် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ပိတ်တာပါ” လို့ ပြောပါတယ်။

ဒီလို ပိတ်တဲ့နေရာမှာ နေ့စဉ်သွားလာနေတဲ့ ထိုင်းနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေ၊ (TBP)နဲ့ (BP) ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ကိုင်ဆောင်သူတွေနဲ့ မြန်မာနိုင်ငံသားတွေ မပါဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာရရှိထားတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေသာ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဝင်ရောက်ခွင့် ထွက်ခွာခွင့်ပြုမယ်လို့လည်း အစိုးရက အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း- ဖိုးစီ/ လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013