DVB Logo
Home
မြန်မာသတင်း
 COVID19 ကာကွယ်ရန် ကရင်နီဒုက္ခသည်စခန်းနှင့် နယ်စပ်ဝင်ထွက်သွားလာမှု ပိတ်ပင် 
DVB
·
March 17, 2020
 COVID19 ကာကွယ်ရန် ကရင်နီဒုက္ခသည်စခန်းနှင့် နယ်စပ်ဝင်ထွက်သွားလာမှု ပိတ်ပင် 
Donate to DVB

ကရင်နီဒုက္ခသည်စခန်းနဲ့ ထိုင်းနယ်စပ်တွေမှာနေထိုင်သူတွေအနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး မိမိနေထိုင်ရာ နေရာသို့ အရောက်ပြန်လာကြဖို့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (ကေအန်ပီပီ)က ထုတ်ပြန်လိုက်ပါတယ်။ 

ကမ္ဘာတဝန်းလုံးမှာ ပျံ့နှံ့ကူးစက်နေတဲ့ COVID19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ထုတ်ပြန်ခဲ့တဲ့အတွက် ကရင်နီ အမျိုးသားတွေကို ရောဂါ ကူးစက်မှုမရှိစေဖို့  (ထိုင်း-မြန်မာ)နယ်စပ်ထွက်ပေါက်တွေနဲ့ ဒုက္ခသည်စခန်းတွေရဲ့ ဝင်ထွက်သွားလာမှုတွေကို ဒီကနေ့ မတ်လ ၁၇ ရက်နေ့တွင် စတင် ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ 

ထုတ်ပြန်ချက်မှာ ပြည်တွင်းနဲ့တခြားဒေသကို ရောက်ရှိနေတဲ့ ကရင်နီဒုက္ခသည်စခန်းနဲ့ ထိုင်း-ကရင်နီနယ်စပ်တွေမှာနေထိုင်သူတွေအနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထား မိမိ နေထိုင်ရာ နေရာကို ရောက်ပြန်လာကြဖို့၊  သတ်မှတ်ရက်တွေအတွင်းလိုအပ်ချက်အရ ခရီးသွားသူတွေအနေနဲ့ နယ်စပ်ဒေသ ဝင်ပေါက်တွေမှာ ကရင်နီကျန်းမာရေးအဖွဲ့က လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ရွာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသကနေ  ကယားပြည်နယ်ထဲ ပြေးဆွဲနေတဲ့ လိုင်းကားတွေကိုလည်း ဧပြီ ၁ ရက်မှ  ၃၀ ရက်အထိ ပြေးဆွဲမှုကို ရပ်ဆိုင်းထားဖို့လည်း ထုတ်ပြန်ထားပါတယ်။ 

ကယားပြည်နယ်နဲ့ထိစပ်နေတဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေဖြစ်တဲ့ မယ်စဲမြို့နယ် ဘီပီ ၁၃ နဲ့ ၁၄ ဝင်ထွက်ပေါက်တွေအပြင် ရှားတောမြို့နယ်က ဘီပီ ၉ မှာဆိုလိုရင် နှစ်နိုင်ငံ ဝင်ထွက်သွားလာမှုတွေ ရှိနေတာပါ။ 

အဲဒီနယ်စပ်ဂိတ်တွေမှာလည်း ပြည်နယ်ကျန်းမာရေးဌာနကလည်း ကိုရိုနာဗိုင်းရပ် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကိုလုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013