DVB Logo
Home
မြန်မာသတင်း
ပြည်သူများ လွှတ်တော်လေ့လာခွင့် ယာယီရပ်နား
DVB
·
March 16, 2020
ပြည်သူများ လွှတ်တော်လေ့လာခွင့် ယာယီရပ်နား
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် နေပြည်တော် လွှတ်တော်တွေကို ပြည်သူတွေ လာရောက်လေ့လာခွင့်အား ဒီနေ့ကစပြီး ယာယီခေတ္တရပ်နားလိုက်တယ်လို့ လွှတ်တော်ရုံးတွေက ကြေညာပါတယ်။

နိုင်ငံတော်သမ္မတရုံးက မတ် ၁၃ ရက်မှာ ထုတ်ပြန်လိုက်တဲ့  ပြည်သူသို့ပန်ကြားချက်အရ လာမယ့် ဧပြီလကုန်အထိ ယာယီရပ်တာလို့ ဆိုပါတယ်။  

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ဟာ လူစုလူဝေးများတဲ့နေရာတွေမှာ မြန်မြန်ဆန်ဆန် ကူးစက်လွယ်တာကြောင့် လူစုလူဝေးနဲ့ ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေရပ်ဆိုင်းထားဖို့ သမ္မတရုံးက ပန်ကြားထားတာပါ။ လိုအပ်ရင် ရပ်ဆိုင်းကာလကို ထပ်တိုးမယ်လို့လည်း ဆိုထားပါတယ်။

နေပြည်တော်က လွှတ်တော်တွေကို အများပြည်သူတွေလာရောက်လေ့လာစရာနေရာအဖြစ် သတ်မှတ်ခွင့်ပြုထားပြီးတဲ့နောက် အများအားဖြင့် ပါတီတွေ၊ ကျောင်းတွေ၊ အဖွဲ့အစည်းဝင်တွေက လာရောက်လေ့လာနေကြတာပါ။

လေ့လာသူတွေကို ဧပြီလကုန်အထိ ရပ်နားမှာ ဖြစ်ပေမယ့် လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေကိုတော့ ပုံမှန်အတိုင်းဆက်လက်ပြုလုပ်သွားမယ်လို့ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောပါတယ်။

ဒီနေ့မှာတော့ ဒါကို ခဏရပ်ထားလိုက်ပြီလို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ကြေညာလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ကတော့ ထုတ်ပြန်တာ မတွေ့သေးပါဘူး။

ကမ္ဘာ့နိုင်ငံတွေမှာ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Covid-19 နဲ့ ပတ်သက်ပြီး ပိတ်ပင်မှုတွေ ပြုလုပ်နေသလို မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူမရှိသေးပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့သင်္ကြန်အပါအဝင် ပွဲလမ်းသဘင်တွေကို မကျင်းပဖို့ ထုတ်ပြန်ထား ပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို လေ့လာသူတွေ လာရောက်မှု မရပ်နားခင် နောက်ဆုံးနေ့ဖြစ်တဲ့ မတ်လ ၁၃ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးအစီအစဉ်ကို လေ့လာသူ ၃၅၀ ကျော် လာရောက်ခဲ့ပါတယ်။  ဒုတိယအကြိမ် အစည်းအဝေး အစီအစဉ်အတွင်း လေ့လာသူစုစုပေါင်း ၆၈၀၀၀ ကျော် လာရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013