DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း ရုပ်ရှင်ရုံများ ယာယီပိတ်သိမ်း
DVB
·
March 16, 2020
နိုင်ငံတဝန်း ရုပ်ရှင်ရုံများ ယာယီပိတ်သိမ်း
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တဲ့အနေနဲ့ မြန်မာနိုင်ငံတဝန်းက ရုပ်ရှင်ရုံတွေကို မတ် ၁၆ ရက်က စတင်ပြီး ဧပြီ ၃၀ ရက်နေ့အထိ ယာယီ ပိတ်သိမ်းထားလိုက်တယ်လို့ ချောက်မြို့ တော်ဝင်နန်း အဆင့်မြင့်ရုပ်ရှင်ရုံ မန်နေဂျာ ဦးဝင်းဇော်က ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကနေ ညွှန်ကြားလာတာကြောင့် ရုပ်ရှင်ရုံတွေကို ဒီနေ့ကစပြီး ခဏပိတ်လိုက်တယ်လို့ ရုပ်ရှင်ရုံအုပ်စုတွေက ကြေညာလိုက်ပါတယ်။

တနိုင်ငံလုံးမှာ ရုပ်ရှင်ရုံပေါင်း ၃၀ ကျော်ရှိတဲ့ မင်္ဂလာရုပ်ရှင်ရုံအုပ်စုကတော့  ပြန်ဖွင့်မယ့်ရက်ကို ကြေညာပေးမယ်လို့ ဆိုပါတယ်။

JCGV ရုပ်ရှင်ရုံတွေအနေနဲ့လည်း "နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ မော်လမြိုင်မြို့တို့ရှိ JCGV Cinema တွေမှာ ရုပ်ရှင်ပြသမှုဝန်ဆောင်မှုတွေကို မတ်လ ၁၆ ရက်နေ့ကစတင်ပြီး ခေတ္တရပ်ဆိုင်းသွားမည် ဖြစ်ပါကြောင်း" ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအဖြစ်ကြေညာပြီးနောက်မှာ မြန်မာအစိုးရကလည်း လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို လာမယ့် ဧပြီလကုန်အထိ မလုပ်ဖို့ ညွှန်ကြားထားပါတယ်။

ဒီနေ့မွန်းလွဲပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၉၆၁၀ ဦးနဲ့ သေဆုံးသူ ၆၅၁၈ ဦး ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူ မရှိသေးပါဘူး။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013