DVB Logo
Home
မြန်မာသတင်း
ဝါးခယ်မ သစ်စက်များတွင် ငွေတောင်းသည့် မှုခင်းသတင်းထောက်ကို နယ်လုံဝန်ကြီးထံ တိုင်ကြား
DVB
·
March 16, 2020
ဝါးခယ်မ သစ်စက်များတွင် ငွေတောင်းသည့် မှုခင်းသတင်းထောက်ကို နယ်လုံဝန်ကြီးထံ တိုင်ကြား
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာတွေမှာ လုပ်ကိုင်နေတဲ့ သစ်စက်တွေနဲ့ နေအိမ်တွေမှာ သစ်ခွဲတဲ့ ကျေးရွာသားတွေကို ငွေးတောင်းခံခဲ့တဲ့ မှုခင်း သတင်းထောက်တဦးကို ဒေသခံတွေက တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။

မှုခင်းသတင်းထောက် ဦးကျော်ဦးဟာ အဖော်တဦးနဲ့အတူ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဝါးခယ်မမြို့နယ် မြဂိုးကြီးကျေးရွာကိုရောက်လာပြီး သစ်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ၁ လကို ၁ သိန်း ၅ သောင်းကျပ်ပေးရမယ်လို့ ဒေသခံသစ်လုပ်ငန်း လုပ်ကိုင်သူတွေထံ တောင်းခဲ့တာကြောင့် ခုလို အသနားခံစာရေးပြီး တိုင်ကြားရတာလို့ ငွေတောင်းခံခဲ့ရသူ ကိုမျိုးထက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ရွာကို နေပြည်တော်တိုင်းမ်သတင်းထောက် ဦးကျော်ဦး ရောက်လာပြီးတော့ ၁ အိမ် ကို ငွေ ၁ သိန်းခွဲတောင်းတယ်၊ သူတို့က မူးယစ်ဆေးဝါးတွေလည်း ဖမ်းတယ်၊ သစ်စက်တွေလည်း ဖမ်းတယ်ပြောတယ်၊ ပြီးတော့ သူတို့တောင်းတာမပေးရင် ဖမ်းမယ်လို့ ခြိမ်းခြောက်တာပါ။”

အဆိုပါ သတင်းထောက် ငွေလာတောင်းချိန်မှာ ရွာသူရွာသားတွေက အိမ်ပြင်ဆောက်ဖို့ သစ်ခွဲထားတာဖြစ်ကြောင်း ပြောဆိုရှင်းပြခဲ့ပေမယ့် လူကိုယ်တိုင်လာရောက်တောင်းဆိုတာနဲ့ ဖုန်းဆက် တောင်းတာတွေ ပြုလုပ်လာတာကြောင့် ရွာသူရွာသားအများစု ဒုက္ခရောက်လာလို့ ခုလို တိုင်ကြားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ တိုင်ကြားတာနဲ့ပတ်သက်ပြီး နေပြည်တော်တိုင်းမ် မှုခင်းနဲ့သတင်းစုံဂျာနယ်သတင်းထောက် ဦးကျော်ဦးက “ကျနော်တို့ အနေနဲ့ကတော့ အဲ့ရွာကို သွားခဲ့တာမှန်ပါတယ်။ ဒါပေ့မယ် အဲ့ရွာက သစ်စက်တွေကို သွားတဲ့အချိန်မှာ တာဝန်ရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သွားရောက်တွေ့ပြီး ညှိနှိုင်းတာတွေ ပြုလုပ်ဖို့နဲ့ အဲ့လိုမလုပ်ရင် ဒီသစ်လုပ်ငန်းတွေက အဖမ်းခံရနိုင်တယ်လို့ သတိပေးပြောဆို ခဲ့တာပါ” လို့ ပြောပါတယ်။

ဝါးခယ်မမြို့နယ်မှာရှိတဲ့ ရွာသူရွာသားတွေကတော့ မှုခင်းသတင်းထောက် ဦးကျော်ဦးက သစ်လုပ်ငန်း လုပ်ကိုင်သူတွေကို လူကိုယ်တိုင်တမျိုး ဖုန်းနဲ့တမျိုး ဆက်သွယ်ပြီး ငွေတောင်းခံတာတွေကို အသံဖမ်းထားတာရှိပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်ထံ တင်ပြစာမှာ ထည့်သွင်းတိုင်ကြားထားတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်ပြင်မြို့နယ် သရက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးထံ ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်တိုင်းမ် မှုခင်းသတင်း ထောက် ၄ ဦးက ခြိမ်းခြောက်ငွေတောင်းခံမှုကြောင့် ဖောင်ပြင်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၄/၁၄၄ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးအရေးယူတာမျိုး ပြုလုပ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013