DVB Logo
Home
မြန်မာသတင်း
အခြေခံပညာမူလတန်းအတွက် English Application များ အခမဲ့ဖြန့်ဝေပေးမည်
DVB
·
March 15, 2020
Donate to DVB

လာမယ့်ပညာသင်နှစ် အခြေခံပညာမူလတန်းပညာကို သင်ယူကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ အင်္ဂလိပ်စာဘာသာရပ်ကို လွယ်လွယ်ကူကူနဲ့ အဆင့်မြှင့်မြှင့်လေ့သင်ယူနိုင်ဖို့ သင်ထောက်ကူ Application တွေကို အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အနာဂတ်ပညာရေးမှာ အထောက်အကူဖြစ်စေဖို့အတွက် Application ထုတ်လုပ်ဖြန့်ဝေမှုကိုတော့ 360 ed နဲ့ Mpride တို့က ပူးပေါင်းလုပ်ဆောင်ထားတာဖြစ်ပါတယ်။ 

ကျောင်းသားတွေ အခမဲ့အသုံးပြုနိုင်မယ့် English Applicationတွေ ကိုတော့ ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းအသစ်မှာ ပါဝင်တဲ့ သင်ခန်းစာတွေအတိုင်း ထည့်သွင်းရေးဆွဲထားတာပါ။ 

ကျောင်းသား၊ ကျောင်းသူအနေနဲ့ လက်ကိုင်ဖုန်း၊ Tablet တွေရှိရုံနဲ့ ဒီ App ကို အခမဲ့ Download ရယူပြီး အင်္ဂလိပ်စာကို အသံထွက်မှန်မှန်ကန်ကန်နဲ့ အလွယ်တကူ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ 

လာမယ့်ပညာသင်နှစ်မတိုင်မီ မေလအတွင်းမှာတော့ Grade_2နဲ့ Grade_3 အတန်းတွေအတွက် English Appliction တွေ စတင်ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ကျန်ရှိတဲ့အတန်းတွေကိုတော့ သင်ရိုးညွှန်းတမ်းနဲ့အမီ ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

နှစ်စဉ်ကျောင်းသား၊ ကျောင်းသူ ၆ သန်းကျော်ကို ပညာရေးမှာ အထောက်အကူပေးနိုင်ဖို့အတွက် Appliction တွေကို မြန်မာငွေ ကျပ်သိန်းပေါင်း ၂၅၀၀  အကုန်အကျခံထုတ်လုပ်ထားတာဖြစ်ပါတယ်။

အခြေခံပညာကို လေ့လာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လက်ထဲကို ဒီ App ရောက်ရှိနိုင်ဖို့အတွက် သင်ရိုးဖတ်စာအုပ်တွေမှာ Application အကြောင်း ထည့်သွင်းသွားမှာဖြစ်သလို ဆရာတွေကို သင်တန်းပို့ချတာတွေနဲ့ ရုပ်မြင်သံကြားကနေ ကြေငြာတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

360ed ကနေ ဒီပညာသင်နှစ်မှာ Grade(1)EnglishApplication ကို တနိုင်ငံလုံးက ကျောင်းသားတွေ အသုံးပြုနိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာနကို လှူဒါန်းထားတာဖြစ်ပြီး လက်ရှိမြို့ပေါ်နေ ကျောင်းသားအများစုက ဒီ App ကို အသုံးပြုနေကြပြီဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013