DVB Logo
Home
မြန်မာသတင်း
ကောလာဟလများအသံဖိုင်ဖြင့် ဖေ့စ်ဘွတ်ခ်တွင်ဖြန့်ဖြူးနေ၊ သတင်းမှားဖြန့်သူများကို ရှာဖွေ အရေးယူမည်
DVB
·
March 13, 2020
ကောလာဟလများအသံဖိုင်ဖြင့် ဖေ့စ်ဘွတ်ခ်တွင်ဖြန့်ဖြူးနေ၊ သတင်းမှားဖြန့်သူများကို ရှာဖွေ အရေးယူမည်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းကာ ရှာဖွေဖော်ထုတ်ပြီး တည်ဆဲဥပဒေတွေ အတိုင်းအရေးယူသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယခုအခါ မသမာသူတွေက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေဖို့ ရည်ရွယ်၍လည်းကောင်း၊ ပြည်သူတွေရဲ့ စိုးရိမ်ထိန်လန့်မှုအပေါ် မကောင်းသောစိတ်ထားနဲ့ အကျိုးအမြတ်ထုတ်လို၍ လည်းကောင်း ကောလာဟလသတင်းမှားတွေကို ပုံစံအမျိုးမျိုးနဲ့ ဖန်တီးဖြန့်ဖြူးနေတယ်လို့  ထုတ်ပြန်ပါတယ်။

မနေ့ညက လူမှုကွန်ရက် (Facebook messenger)ကတဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်နဲ့ ဖန်တီးဖြန့်ဖြူးနေတာကို တွေ့ရှိတဲ့အကြောင်း အဆိုပါ အသံဖိုင်မှာ “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆိုပြီး မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူတွေ စိုးရိမ်ထိတ်လန့်စေဖို့ လုပ်ဆောင်နေတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတ်လ ၁၂ ရက် ည ၁၀ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိသေးဘူးလို့လည်း အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013