DVB Logo
Home
မြန်မာသတင်း
၁၀ ရက်အတွင်း မူးယစ်ဆေးဝါး ကျပ်ငွေ ၁၃၀ ဘီလီယံဖိုး တပ်မတော်ဖမ်းမိ 
DVB
·
March 9, 2020
၁၀ ရက်အတွင်း မူးယစ်ဆေးဝါး ကျပ်ငွေ ၁၃၀ ဘီလီယံဖိုး တပ်မတော်ဖမ်းမိ 
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာမှာ မေလ ၈ ရက်က  ငွေကျပ် ၂၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရမိတယ်လို့ တပ်မတော်က  သတင်းထုတ်ပြန်ပါတယ်။ 

ကွတ်ခိုင်မြို့နယ်မှာဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၈ ရက်အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၅၃၆၄၁၀၀၀ ပြား၊ ဘိန်းဖြူ ၁၈၉၉၈၀ ဂရမ်၊ ဘိန်းညို ၂၇၁၀၀၀ ဂရမ်၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ဘိန်းစိမ်း ၁၀ ကီလိုဂရမ်နဲ့  အိုက်စ်၃၆၅ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၁၂၈ ဘီလီယံကျော်နဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၁၀၉ မျိုး ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံကျော်ဖိုး စုစုပေါင်းငွေကျပ် ၁၃၀ ဘီလီယံလောက်ရှိသွားပြီလို့ သိရပါတယ်။

မတ်လ ၈ ရက်နေ့ကတော့ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာနေ ဦးယောဆီ ပိုင်ဆိုင်တဲ့ လွယ်ခမ်ကျေးရွာရှိ အဆောက်အအုံတခုထဲကနေ မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၄ ဘီလီယံကျော်ဖိုး၊ သိန်းနီမြို့နယ် နမ့်ခိုက်ကျေးရွာနေ ဦးရန်အင်ချန်းရဲ့  အဆောက်အအုံထဲက မူးယစ်ဆေး ငွေကျပ် ၇ ဘီလီယံ ကျော်ဖိုးနဲ့ လွယ်ခမ်ကျေးရွာနေ ဦးချာကွေးအန် ပိုင်ဆိုင်တဲ့ အဆောက်အအုံထဲက မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်ဖိုး ထပ်မံ ဖမ်းမိပါတယ်။ 

ဒါ့အပြင် သိန်းနီမြို့နယ်၊ နမ့်ခိုက်ကျေးရွာနေ ဦးဂျမ်းရွယ်ခင်းပိုင်  တထပ်တိုက်ထဲက ပစ္စတို သေနတ် ၂ လက်၊ ရိုင်ဖယ် ၂ လက်၊ ကျည်မျိုးစုံ ၂၃၁၉ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၁၄ ခု၊ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၃၀၀၀၀၀ ပြား၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ရူးသွပ်ဆေးပြား ၄၆၂၀၀၀ ပြား၊ ဘိန်းဖြူမှုန့် ဆပ်ပြာခွက် ၁ ခွက်လျှင် ၁၀ ဂရမ်ပါ ဆပ်ပြာ ခွက် ၁၀၄၅ ခွက်(၁၀၄၅၀)ဂရမ်နဲ့  ဘိန်းညိုမှုန့် ၁၂၀၀ ဂရမ်ခန့် (စုစုပေါင်းမူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ ဘီလီယံကျော်)နဲ့ ၆ ဘီးယာဉ် ၁ စီးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း မူးယစ်ဆေးဝါးပမာဏ အများဆုံး ဖမ်းဆီးရမိမှုဖြစ်ပြီး အဆိုပါမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်တဲ့ အဓိကတရားခံတွေကတော့ ထွက်ပြေးလွတ်မြောက်နေကာ  တဦး တယောက်ကိုမှ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

ကွတ်ခိုင်မြို့နယ်ထဲမှာ တပ်မတော်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို သွားကြည့်ရှုခဲ့တဲ့ နိုင်ငံခြားစစ်သံမှူးတွေ လိုက်ပါလာတဲ့ စစ်ရဟတ်ယာဉ်တစီး မတ် ၆ ရက် ညနေက မတော်တဆဖြစ်ပွားခဲ့လို့ လေယာဉ်မှူး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။





ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013