DVB Logo
Home
မြန်မာသတင်း
အပန်းဖြေ လေ့လာသူတွေ အသွားများနေတဲ့  ခေါ်နူးစုမ်တောင် (ဓာတ်ပုံ) 
DVB
·
March 9, 2020
အပန်းဖြေ လေ့လာသူတွေ အသွားများနေတဲ့  ခေါ်နူးစုမ်တောင် (ဓာတ်ပုံ) 
1 / 17
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ်တောင် ခေါ် ဝိတိုရိယတောင်ကို အနယ်နယ်အရပ်ရပ်မှ လာရောက် အပန်းဖြေ လေ့လာသူတွေနဲ့  စည်ကားနေပါတယ်။ 

နတ်မတောင်(ခေါနူးစုမ်) အမျိုးသားဥယျာဉ်ဟာ ချင်းပြည်နယ် မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေအတွင်းတည်ရှိပြီး အမြင့်ပေ ၁၀၅၀၀ ရှိကာ စုစုပေါင်းဧရိယာ အကျယ်အဝန်း ၁၇၆၃၀၀ ဧက ရှိတဲ့ မြေသားတောင်ဖြစ်ပါတယ်။

နတ်မတောင်(ခေါနူးစုမ်)တောင်ဟာ ချင်းပြည်နယ်မှာ အမြင့်ဆုံးတောင်မကြီး တခုဖြစ်ပြီး ၂၀၁၀ ဒီဇင်ဘာ ၂ ရက်မှာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့  (၇) ခုမြောက် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ ပါတယ်။

နတ်မတောင်(ခေါနူးစုမ်)တောင်ကို ၁၉၃၆ ခုနှစ် သစ်တောနည်းဥပဒေ ၁၉ အရ မိုဃ်းကြိုးဝိုင်းအမည်ဖြင့် သဘာဝသစ်တောတွေကို ထိန်းသိမ်းထားဖို့နဲ့ ဒေသခံ ပြည်သူတွေ မိရိုးဖလာထုတ်ယူသုံးစွဲခွင့်ပြုဖို့ သတ်မှတ်ခဲ့ပြီး ၁၉၃၆ ခုနှစ် တောရိုင်း တိရစ္ဆာန်ကာကွယ်ရေးအက်ဥပဒေအရပါ သတ်မှတ်ကာကွယ်ခဲ့ပါတယ်။

































Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013