DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့က သံသယလူနာ သေဆုံးခဲ့မှု ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်ဟု ကျန်းမာရေးထုတ်ပြန်
DVB
·
March 7, 2020
မန္တလေးမြို့က သံသယလူနာ သေဆုံးခဲ့မှု ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်ဟု ကျန်းမာရေးထုတ်ပြန်
1 / 4
Donate to DVB

မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာ မတ် ၆ ရက်နေ့ မနက်ပိုင်းက သေဆုံးခဲ့တာဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတာမဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန မနေ့ညက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာအဖြစ်  စောင့်ကြပ်ကြည့်ရှုခံနေရတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးဟာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ မတ်လ ၄ ရက်နေ့က စောင့်ကြပ်ကြည့်ရှုဖို့ ဆေးရုံကို ပို့ထားတာ ဖြစ်ပါတယ်။ 

သေဆုံးသူဟာ ဆီးချို သွေးချို အခံရှိပြီး ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ ကျောက်ကပ်နဲ့ နှလုံးလည်း မကောင်းတဲ့အပြင် လူကလည်း အတော်လေးဝတယ်လို့ ဆေးရုံအုပ်ကြီးက ပြောကြားထားပါတယ်။

အဆိုပါလူနာအမျိုးသမီးဟာ ကန်တော်နဒီဆေးရုံမှာ စောင့်ကြပ်ကုသနေစဉ် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး မတ် ၆ ရက်နေ့ မနက် ၇ နာရီ ၄၀ မိနစ်မှာ သေဆုံးသွားတာဖြစ်ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ပေးပို့စစ်ဆေးချက်အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မတွေ့ရကြောင်း  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံက အသက်၂၈ နှစ်အရွယ် အမျိုးသားဦး၊ မူဆယ်ပြည်သူ့ ဆေးရုံက အသက် ၂၇  နှစ်အရွယ် အမျိုးသမီးတဦးနဲ့ နေပြည်တော်၊ ခုတင် ၁,၀၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးတို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ မရှိဘူးလို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၂၀၅၀ ဦး၊ သေဆုံးသူ ၃၄၉၄ ဦးနဲ့ ရောဂါသက်သာ ပျောက်ကင်းသူ ၅၇၆၁၁ ဦးရှိတယ်လို့ သိရပါတယ်။





Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013