DVB Logo
Home
မြန်မာသတင်း
The Voice Myanmar တေးသံရှင် ငွေစိုးသီချင်းသစ်-“မျက်ရည်လွယ်သောချစ်လူမိုက်”(ရုပ်သံ)
DVB
·
March 5, 2020
The Voice Myanmar တေးသံရှင် ငွေစိုးသီချင်းသစ်-“မျက်ရည်လွယ်သောချစ်လူမိုက်”(ရုပ်သံ)
Donate to DVB

       နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar ရဲ့ စင်မြင့်ပေါ်ကတဆင့် ဂီတလောကထဲ လျှောက်လှမ်းလာခဲ့တဲ့ တေးသံရှင် ငွေစိုးရဲ့ သီချင်းသစ်တပုဒ်ထွက် ရှိလာခဲ့ပြီး အွန်လိုင်းပေါ် နာမည်ကြီးနေခဲ့ပါတယ်။

       “မျက်ရည်လွယ်သောချစ်လူမိုက်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး နေချိုက ရေးစပ်ပေးထားတာဖြစ်ပါတယ်။

       မန္တလေးမြို့ဇာတိဖြစ်တဲ့ တေးသံရှင် ငွေစိုးဟာ မြန်မာနိုင်ငံမှာ ပထမအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ The Voice Myanmar Season 1 ရဲ့ Winner ဆုကို ရရှိခဲ့သူဖြစ်ပြီး သေသပ်တဲ့ သီဆိုဟန်ကြောင့် ပရိသတ်တွေ အားပေးမှု ရရှိထားသူတဦးလည်း ဖြစ်ပါတယ်။

       ဒိုင်တွေဖြစ်ကြတဲ့ အဆိုတော် လင်းလင်း၊ ကျားပေါက်၊ ရန်ရန်ချန်းနဲ့ နီနီခင်ဇော် တို့ရဲ့ နည်းပြပေးမှုတွေနဲ့ တဆင့်ချင်းတက်လာခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲမှာတော့ ငွေစိုးက ရာဇဝင်များရဲ့ သတို့သမီးသီချင်းနဲ့ ယှဉ်ပြိုင်ကာ Winner ဆုရရှိသွားခဲ့တာပါ။

The Voice Myanmar 2018 ပြိုင်ပွဲမှာ ဆုရရှိတဲ့ ပြိုင်ပွဲဝင်အနေနဲ့ ဆုကြေးငွေ ကျပ်သိန်း ၂၀၀ အပြင်၊  Universal Studio နဲ့ အတူ တေးသီချင်းပြုလုပ်ခွင့်ရရှိမယ်လို့ ကြေညာထားခဲ့ပါတယ်။

မတ် ၆ ရက်နေ့မှာတော့ “ဂီတသစ်ပင်”လို့ အမည်ပေးထားတဲ့ ငွေစိုးရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ဟာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

လတ်တလောမှာတော့ အဲဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် “မျက်ရည်လွယ် သောချစ်လူမိုက်” သီချင်းဟာ ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပြီး နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်သူ၊ ပြန်လည်မျှဝေသူ ထောင်သောင်းချီ ရှိနေပါတယ်။

       မနှစ်က ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ The Voice Myanmar  Season 2 သီ ချင်းဆိုပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိခဲ့ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာပါ။

မနှစ်က Season 2 မှာတော့ ကျားပေါက်၊ R.ဇာနည်၊ ရန်ရန်ချန်းနဲ့ နီနီခင်ဇော်တို့ က Coach တွေအနေနဲ့ ပါဝင်ခဲ့ကြပြီး ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စ တင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ် မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

Season 3 ပြိုင်ပွဲကိုတော့ လာမယ့် ဧပြီလ ၃ ရက်နေ့ စတင်တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013