DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
March 5, 2020
Donate to DVB

အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူး ခြားခြား ဟောလိဝုဒ် Sports Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ The Way Back !

ဒီကားကိုတော့ အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Gavin O'Connor က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. Pictures က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

Jack Cunningham ဟာ တချိန်ကတော့ အထက်တန်းကျောင်းရဲ့ ပြိုင်ဘက်မရှိ တဲ့ ဘတ်စကက်ဘောချန်ပီယံတယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက်ပဲ အ ကြောင်းအရာတခုကြောင့် အဲဒီလောကထဲကနေ ထွက်ခွာခဲ့ရပြီး ဆောက်လုပ်ရေးလုပ် သားတယောက်အနေနဲ့ အဆင်မပြေမှုတွေနဲ့ အရက်စွဲနေခဲ့ပြီး ဘဝကို ဖြတ်သန်းနေခဲ့ပါ တယ်။ တရက်မှာတော့ သူနေခဲ့တဲ့ ကျောင်းကပဲ သူ့ကို နည်းပြအနေနဲ့ ဘတ်စဘက်ဘော အသင်းကို ဦးဆောင်လေ့ကျင့်ပေးဖို့ ကမ်းလှမ်းလာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမ လဲ။ အတိတ်မှာရော ဘယ်လိုအခြေအနေတွေက သူ့ကို ခုလိုဖြစ်စေခဲ့တာလဲ၊ တကျော့ပြန် နည်းပြတယောက်အနေနဲ့ ပြန်ရောက်လာချိန်မှာရော အောင်မြင်နိုင်ပါ့မလား၊ အတိတ်က ဘယ်လိုရန်ငြိုးနဲ့ ပြိုင်ဘက်တွေ ရှိနေခဲ့သလဲ ဆိုတာတွေကို ဒရာမာဇာတ်လမ်းဇာတ် ကွက်တွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ဟောလိဝုဒ်စတားသရုပ်ဆောင်မင်းသား Ben Affleck နဲ့အတူ တ ခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Al Madrigal ၊ Michaela Watkins ၊ Janina Gavankar စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။

ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၂၅ သန်းအကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Box Office မှာတော့ ဒီကားကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် အ မေရိကန်နဲ့ ကနေဒါမှာ အမေရိကန်ဒေါ်လာ ၇ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ရွှေကမ္ဘာလုံးဆုတွေ၊ အကယ်ဒမီဆုတွေ ရရှိထားတဲ့ သရုပ်ဆောင်မင်းသား ဘင် အက်ဖလက်ခ်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဒီရုပ်ရှင်ကိုတော့ လာမယ့် မတ်လ ၆ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။

နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ကွန်ပြူတာအဲန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမယ့် ဟောလိဝုဒ်ရုပ်ရှင်-Onward !

ဒီကားကိုတော့ နာမည်ကျော် Walt Disney Pictures နဲ့ Pixar Animation Studios တို့ ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး  Monsters University ရုပ်ရှင်နဲ့ နာ မည်ကြီးတဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Dan Scanlon က ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။

   ဒီကားထဲမှာတော့ မှင်စာ၊ နတ်သူငယ်၊ ရေသူမ၊ လူတပိုင်းမြင်းတပိုင်းသတ္တဝါနဲ့ ယူနီကွန်းတို့လို သတ္တဝါတွေ နေထိုင်တဲ့၊ လူသူမရှိတဲ့ ကမ္ဘာကို အခြေတည်ရိုက်ကူးထားခဲ့ တာပါ။ ဆယ်ကျော်သက် နတ်သူငယ်ညီအစ်ကို ၂ ယောက်ဖြစ်ကြတဲ့ Ian နဲ့ Barley တို့ ဟာ ကမ္ဘာကြီးပေါ်မှာ နည်းနည်းလောက် ကျန်နေဦးမယ့် မှော်ပညာတွေကို လိုက်ပြီး ရှာ ဖွေကြမယ့် စွန့်စားခန်းတွေနဲ့အတူ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစား ကြရမှာ ဖြစ်ပါတယ်။

   ဒီကားထဲမှာတော့ ပရိသတ်တွေသိကြပြီးဖြစ်တဲ့ စပိုက်ဒါမန်းသရုပ်ဆောင်မင်းသား Tom Holland နဲ့ Jurassic World ရုပ်ရှင်စီးရီးစ်တွေနဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင် မင်းသား Chris Pratt တို့က အသံသရုပ်ဆောင်တွေအနေနဲ့ အတွဲညီညီနဲ့ ခေါင်း ဆောင်ပါဝင်ထားကြတာပါ။

ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့် မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အ ဆင့် သတ်မှတ်ထားပါတယ်။

IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.5 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကားလည်း ဖြစ်ပါတယ်။

ဒီကားကို နိုင်ငံတကာရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ အကြိမ် ၇၀ မြောက် Berlin International Film Festival မှာ ပြီးခဲ့တဲ့ အပတ်က ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေ လည်း ရရှိထားပါတယ်။

Box Office မှာတော့ ဒီရုပ်ရှင်ကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် အ မေရိကန်နဲ့ ကနေဒါမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၄၄ သန်းနီးပါး ရရှိနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။

ကြာမြင့်ချိန် ၁၀၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် မတ်လ ၆ ရက်နေ့မှာ စ တင်ပြီးတော့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

မူဗီခရေဇီတွေကို ဒီတခါထပ်ပြီး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ သင်္ကြ န်ရာသီအမီ ထွက်ရှိလာတဲ့ မြန်မာအချစ်ဒရာမာရုပ်ရှင်-ပိတောက်ကတဲ့ဂီတ !

ပိတောက်ကတဲ့ဂီတလို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကိုတော့ Frenzo Production ကနေ တင်ဆက်လိုက်တာဖြစ်ပြီး နေနော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ မီးပွားက ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

သင်္ကြန်ရာသီအမီ အပြင်အဆင်၊ အခင်းအကျင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ် ရှင်ကားဟာ ဂီတကို အခြေခံထားတဲ့ အချစ်ဒရာမာဇာတ်ကားတကားဖြစ်ပြီး ဇာတ်ကား ထဲမှာ သီချင်းတွေလည်း အများကြီး အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ အဂ္ဂါစိုင်း၊ ပိုးမဒီစတဲ့ အဓိကဇာတ်ဆောင်တွေရဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့အတူ ဂီတဒရာမာအချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါ တယ်။

ဒီကားထဲမှာတော့ နာမည်ကြီးအဆိုတော် သရုပ်ဆောင်မင်းသား စိုင်းစိုင်းခမ်းလှိုင် နဲ့ မျက်နှာသစ်သရုပ်ဆောင်မင်းသမီး ပိုးမမှီသာတို့နဲ့အတူ တခြားဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကျော်သူ၊ ဇင်ဝိုင်း၊ ချိုပြုံး၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ အေးမြတ်သူစတဲ့ သရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို Facebook အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် မတ်လ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေငြာ ထားပါတယ်။

ခုတခါ မူဗီခရေဇီတွေကို ထပ်ပြီး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ အိန္ဒိ ယရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Bhoot – Part One: The Haunted Ship !

ဟင်ဒီစကားပြော Horror Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့  ဒီ ကားကိုတော့ အိန္ဒိယရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ၂ ခုဖြစ်ကြတဲ့ Dharma Productions နဲ့ Zee Studios တို့ ပူးပေါင်းထုတ်လုပ်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Bhanu Pratap Singh က ရိုက်ကူးပုံဖော်ထားခဲ့တာပါ။

ဒီရုပ်ရှင်ကားကတော့ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက မွမ်ဘိုင်းမြို့မှာ တကယ်ဖြစ် ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေတည်ပြီး ရုပ်ရှင်အနေနဲ့ ရိုက်ကူးထားခဲ့တာပါ။ Sea Bird လို့ အမည်ရတဲ့ သင်္ဘောပျက်ကြီး တစင်းဟာ မွမ်ဘိုင်းမြို့က ကမ်းခြေတခုမှာ လာ ဆိုက်နေခဲ့တာ ဖြစ်ပါတယ်။ ခုလို ရေပိုက်နက်ထဲထိ ရောက်ရှိလာပြီး ကမ်းခြေမှာကပ်တဲ့ အထိ ဘယ်သူမှလည်း သတိမထားမိခဲ့ကြသလို အဲဒီသင်္ဘောကြီးပေါ်မှာလည်း လူတ ယောက်မှ ပါမလာခဲ့ပါဘူး။ ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဒီ သင်္ဘောကြီးကရော ဘယ်ကရောက်လာတာလဲ၊ ဒါတွေကို စုံစမ်းစစ်ဆေးဖို့ Prithvi ရဲ့ တာ ဝန်ဖြစ်လာချိန်မှာတော့ သင်္ဘောကြီးပေါ်မှာ မကောင်းဆိုးဝါးတွေပါလာတယ်၊ သရဲ ခြောက်တယ်ဆိုတဲ့ ထူးဆန်းတဲ့ ပါးစပ်ရာဇဝင်တွေနဲ့အတူ ဘယ်လိုအလှည့်အပြောင်း တွေ၊ သွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆို တာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသား Vicky Kaushal နဲ့ သရုပ်ဆောင်မင်းသမီး Bhumi Pednekar တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6.6 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကားလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာတော့ ဝင် ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၁၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂၁ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသ သွားဖို့ ရှိနေတာမို့ ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ဝုဒ်ဒရာမာအမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Run This Town !

ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Ricky Tollman က ကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Oscilloscope နဲ့ Elevation Pictures တို့က ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပါတယ်။

   Bram ဟာ တိုရွန်တိုသတင်းစာတစောင်ရဲ့ သတင်းထောက်ယောက်ဖြစ်ပြီး ဘဝ ကို ပုံမှန်ပဲ ဖြတ်သန်းနေသူတယောက်ပါ။ အဲဒီအချိန်ကာလမှာတော့ မြို့တော်ဝန်အနေနဲ့ သက်တမ်း ၂ ကြိမ်တိုင်တိုင် တင်မြှောက်ခံခဲ့ရတဲ့ Rob Ford လက်ထက်ဖြစ်ပြီး သူ့ရဲ့ ရန် ပုံငွေ အရှုပ်တော်ပုံသတင်းတွေကို Bram တယောက် မျှော်လင့်မထားပဲ သိလိုက်ရ ချိန် မှာတော့ ဒါကို စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအခြေအနေမှာ သူ့အ နေ နဲ့ ဒီသတင်းကို ဘယ်လို ခြေရာခံမလဲ၊ လိုအပ်တဲ့ အချက်အလက်တွေကို ဘယ်လို စုံစမ်း ဖော်ထုတ်ရယူမလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Ben Platt ၊ Nina Dobrev ၊ Mena Massoud နဲ့ Damian Lewis တို့က ခေါင်း ဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြ ကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ် တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြု ချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

 IMDb မှာ Rating 7 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို South by Southwest ရုပ် ရှင်ပွဲတော်မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်းကတော့ ဒီရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန် အခြေပြုရုပ်ရှင်ကားတကား ဖြစ်ပြီး တကယ့်ပြင်ပက ဒီအမှုကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ Investigative Journalist အမျိုးသမီး Robyn Doolittle အစား အမျိုးသား ဂျာနယ်လစ်တယောက်အဖြစ် ဇာတ်ကောင် ပြောင်းလဲလိုက်တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၉၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်နဲ့ ကနေဒါမှာ လာ မယ့် မတ်လ ၆ ရက်နေ့က စတင်ပြီး ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ကြေငြာထားပါ တယ်။

Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013