DVB Logo
Home
မြန်မာသတင်း
ကသာခရိုင် မော်လူးမြို့အနီး ငလျင်လှုပ်ခတ် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီး
DVB
·
March 4, 2020
ကသာခရိုင် မော်လူးမြို့အနီး ငလျင်လှုပ်ခတ် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီး
1 / 7
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့နားမှာ ဒီကနေ့မနက်က မြေငလျင်လှုပ်ခတ်သွားတာကြောင့်  ဘုန်းတော်ကြီးကျောင်းတွေ ထိခိုက်ပျက်စီးသွားပါတယ်။

မော်လူးမြို့အနီး   မြေအောက် ၅ ကီလိုမီတာအနက်ကို ဗဟိုပြုပြီး   အင်အား ရစ်(ခ်)တာစကေး စကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်  ဒီနေ့မနက် ၆ နာရီ ၅၀ မိနစ် အချိန်က လှုပ်ခတ်ခဲ့လို့ ဘုန်းတော်ကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းတော်မြို့နယ် ဒုမြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်စိုးသိန်းက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ပုန်းဟုန်ကျေးရွာအုပ်စု  ဖုန်ကုန်းကျောင်းတိုက် အဝင်မုခ်ဦးတစ်ခု အပေါ်ပိုင်းပြိုကျတာ၊ ရန်အောင်မြင် မင်္ဂလာကျောင်းတိုက် ပတ်လည်နံရံ ၄ ဖက်အက်ကွဲတာ၊  အင်္ဂတေတွေကွာကျတာ၊ ဘုရားခန်း ၁၅ ပေပတ်လည်နံရံ အင်္ဂတေကွာကျတာ၊ ယောဂီဆောင် အမိုးမျက်နှာကျက်တွေကွာကျခဲ့သလို ဘုန်းတော်ကြီးကျောင်း အဝင် ၁၂၀ ပေ ၁၅ ပေ တံတားမှာ မြေပြင်အထက် ၁ ပေလောက်မြင့်တက်သွားပြီး ခန့်မှန်းစုစုပေါင်း တန်ဖိုး ကျပ် ၃၅ သိန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အလားတူ  ပဲခူးကျေးရွာ အုပ်စု၊ သက်ရင်းသာကျေးရွာ  ဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း အကျယ် ၁၉၀ ပေ အမြင့် ၇ ပေလောက် ပြိုကျပျက်စီးခဲ့ပြီး  ခန့်မှန်းတန်ဖိုး ကျပ် ၁၉ သိန်းဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မော်လူးမြို့ ဒီပင်္ကရာဘုရားဝင်းအတွင်း ဆွမ်းစားဆောင် RC နှစ်ထပ်မှာ နံရံအက်ကြောင်းတွေဖြစ်ပေါ်ပြီး အင်္ဂတေကွာကျတာ၊ နဂါးရံဘုရား ကျောင်းဆောင်မုခ်ဦး ပြိုကျတာရှိခဲ့လို့ ခန့်မှန်းတန်ဖိုး ကျပ် ၁၀ သိန်းဖိုး ပျက်စီးသွားတယ်လို့လည်း အင်းတော်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းက ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တာတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေ စုပေါင်းရှင်းလင်းဆောင်ရွက်နေပါတယ်။

ကသာမြို့ရဲ့ အနောက်မြောက်ဘက် ၂၁ မိုင် လောက်အကွာကို ဗဟိုပြုပြီး   ဒီမနက် ၆ နာရီ မိနစ် ၅၀ ကျော်လောက်က  အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၀ အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီမနက် ၉ နာရီ ကျော်လောက်မှာလည်း စစ်ကိုင်းတိုင်း ကလေးဝမြို့အနီး ရစ်(ခ်)တာစကေး  ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်သွားပါတယ်။

သတင်း- ကိုကိုလင်း (အင်းတော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013