DVB Logo
Home
မြန်မာသတင်း
Water Bus ငမိုးရိပ်ချောင်းတွင် ပြေးဆွဲခွင့်ရမှ ရန်ကုန်မြစ်အတွင်း ပြန်ပြေးဆွဲနိုင်မည်ဟု ကုမ္ပဏီပြော
DVB
·
March 2, 2020
Water Bus ငမိုးရိပ်ချောင်းတွင် ပြေးဆွဲခွင့်ရမှ ရန်ကုန်မြစ်အတွင်း ပြန်ပြေးဆွဲနိုင်မည်ဟု ကုမ္ပဏီပြော
Donate to DVB

ငမိုးရိပ်ချောင်းအတွင်း Water Bus ပြေးဆွဲခွင့် ရရှိမှသာ အရှုံးပေါ်နေတဲ့ ရန်ကုန်မြစ်အတွင်း ပြေးဆွဲမှုကို ပြန်လည်လုပ်ဆောင်နိုင်မယ်လို့ တင့်တင့်မြန်မာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌက ပြောဆိုပါတယ်။ 

ငမိုးရိပ်ချောင်းအတွင်း Water Bus ရေယာဉ် ပြေးဆွဲလုပ်ကိုင်ခွင့်ရရှိမှာသာ လက်ရှိ ယာယီရပ်နားထားတဲ့ ရန်ကုန်မြစ်အတွင်း Water Bus ပြေးဆွဲမှုကို ပြန်လည်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ မေလ ၁ ရက်နေ့က ရန်ကုန်မြို့  Time City မှာပြုလုပ်တဲ့ Strong Independent Women ဆွေးနွေးပွဲမှာ တင့်တင့်မြန်မာကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောဆိုပါတယ်။

“ကျမတို့ အရှုံးခံပြီး ပြေးဆွဲပြီးပြီ။ ကျမတို့ မြတ်မယ့်မြစ်က ငမိုးရိပ်ချောင်း ဖြစ်တယ်။ မနှစ်ကအတိုင်းပဲ ဒီဘက်မြစ်ကြောင်းကိုပဲ ဆက်လုပ်နေမယ်ဆိုရင် ရှုံးမှာသေချာတယ်။ တလကို သိန်း ၇၀၀ လောက်ရှိတယ်။ တနှစ်မှာ ၁ မီလီယံနီးပါး ဆုံးရှုံးမှုရှိတယ်။ နဂိုကတည်းက ဆုံးရှုံးမှုကို သိတယ်။ ဆုံးရှုံးရမယ့် အတိုင်းအတာကာလကို ၂ နှစ်လို့ သတ်မှတ်ထားတယ်။ ၂ နှစ်ထက်ပိုပြီးတော့ ဆက်အရှုံးခံရမယ်ဆိုရင် ငမိုးရိပ်ချောင်း ရတဲ့အခါကျမှာ ဆက်လုပ်လို့ရမယ်။”

တင့်တင့်မြန်မာ ကုမ္ပဏီအနေနဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကြက်ဘဲဈေး၊ မြောက်ဒဂုံ ပင်လုံအထိ ငမိုးရိပ်ချောင်းတလျှောက် ရေယာဉ် ၅ စီးနဲ့  ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ဆိပ်ကမ်းနေရာ ၁၁ နေရာ ရှိပါတယ်။ လက်ရှိမှာတော့ တိုင်းအစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတဲ့ အနေအထားပါ။  

ဒါ့အပြင်  ရန်ကုန်-အင်းစိန်လမ်းကြောင်းနဲ့ ရန်ကုန်- သန်လျင် လမ်းကြောင်းကိုလည်း ပြေးဆွဲဖို့ ပြင်ဆင်နေပါတယ်။

ကုမ္ပဏီအနေနဲ့ ရန်ကုန်မြစ်အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို အရှုံးခံကာလ ၂ နှစ် သတ်မှတ်ပြီး  ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ စတင်လုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာ တော့ ဒီလုပ်ငန်းကို ကုမ္ပဏီအနေနဲ့ ယာယီရပ်ဆိုင်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါးတားဘတ်စ်ကုမ္ပဏီကနေ ဆီဖိုးအကြွေး သိန်း ၇၀၀ မရလို့ဆိုပြီး ကုမ္ပဏီတခုက တရားစွဲခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဥပဒေကြောင်းအရ မှားယွင်းချက်တွေ ရှိနေပေမယ့် အကောင်းဆုံး တာဝန်ယူ ဖြေရှင်းပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

ထပ်မံပြီး ထိခိုက်နစ်နာအောင် ပြုလုပ်လာမည်ဆိုရင်တော့ လုပ်သင့်တာကို  စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။

စိုးချစ်ချစ်ပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013