Home
မြန်မာသတင်း
မြဝတီတွင်  မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ်တချို့နှင့် သစ်ဆိုင်ပျက်စီးဆုံးရှုံး 
DVB
·
February 28, 2020
87552210_209373533543147_885771347634946048_n
89022801_894953690953496_2105926489336709120_n
87529719_495100491154332_2344064812239028224_n
87522954_129696165103538_5106933891260743680_n
87498676_1338699336337769_8716217556899201024_n
ကရင်ပြည်နယ်၊ မြဝတီမြို့  အမှတ်(၂)ရပ်ကွက်မှာ ဒီနေ့မနက်အစောပိုင်းက လျှပ်စစ်မီးကနေတဆင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၃ လုံး မီးလောင်ကျွမ်း ပျက်စီးသွားပါတယ်။  အမှတ်(၂)ရပ်ကွက် မြို့ပတ်လမ်းရှိ နေအိမ်တအိမ်ရဲ့အိမ်ခန်းထဲကနေ မီးစတင်လောင်ရာမှာ အိမ်နီးချင်း ၂ထပ်အိမ်နဲ့ သစ်အရောင်းဆိုင်တို့ကို ကူးစက်လောင်ကျွမ်းပြီး နှစ်ထပ်အိမ် ၂ လုံး၊ သစ်အရောင်းဆိုင်နဲ့အိမ်တွင်းပစ္စည်းတွေ၊ အ၀တ်အထည်တွေနဲ့ ဆိုင်ကယ်  ၁ စီး ပါ မီးလောင်ကျွမ်းသွားပါတယ်။ မီးငြှိမ်းသတ်ဖို့ မြဝတီမြို့က မီးသတ်ကားတွေ ဦးစွာရောက်ရှိလာပြီး သင်္ဃန်းညီနောင် မီးသတ်တပ်ဖွဲ့က မီးသတ်ကား‌တွေပါ ပူးပေါင်းရောက်ရှိလာကာ ရပ်ကွက်သူရပ်ကွက်တွေ နဲ့ မီးသတ်ယာဉ် ၈ စီးတို့ ဝိုင်းဝန်းမီးငြှိမ်းသတ်ရာမှာ  ၄၀ မိနစ်အတွင်း မီးငြိမ်းသွားပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့နေအိမ်ပိုင်ရှင်  ဒေါ်ဝင်းမြင့်(ခ) ဒေါ်ကုလားမ ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ မြဝတီရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။ ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024