DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မသန်စွမ်းသူများပါဝင်နိုင်ရေး ဆွေးနွေး
DVB
·
February 28, 2020
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မသန်စွမ်းသူများပါဝင်နိုင်ရေး ဆွေးနွေး
Donate to DVB

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မသန်စွမ်းသူတွေပါနိုင်ရေးအတွက် အားလုံးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးအကြံရယူတဲ့ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ ကျင်းပနေပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ဦးဆောင်ကျင်းပတဲ့ အဲဒီအစည်းအဝေးမှာ တော့ မသန်စွမ်းသူတွေ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ ပါဝင်လာနိုင်ဖို့အတွက် အရပ်ဘက် အဖွဲ့အစည်း တွေ၊ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အစိုးရ၊ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့လည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မသန်စွမ်းသူ အခွင့်အရေးတွေကို ဆွေးနွေးတဲ့အချိန်မှာ လူမှုရေးခေါင်းစဉ်အောက်က ဆွေးနွေးတာမျိုးမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ခေါင်းစဉ်အောက် ပါဝင်ဆွေးနွေးပေးဖို့ကိုလည်း မသန်းစွမ်းသူတွေက တောင်းဆိုထားပါတယ်။ 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရတော့ မြန်မာတစ်နိုင်ငံလုံးမှာ ကိုယ်အင်္ဂါမသန်စွမ်း၊ အမြင်အာရုံမသန်းစွမ်း၊ အကြားအာရုံမသန်စွမ်းနဲ့ ဉာဏ်ရည်မသန်စွမ်းသူပေါင်း အယောက် ၂၃ သိန်းရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013