DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော်တွင် တနှစ်အတွင်း မေးခွန်းပေါင်း ၈၀၀ ကျော်မေးမြန်း
DVB
·
February 26, 2020
စစ်ကိုင်းတိုင်းလွှတ်တော်တွင် တနှစ်အတွင်း မေးခွန်းပေါင်း ၈၀၀ ကျော်မေးမြန်း
Donate to DVB

၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး ၅ ကြိမ်ကျင်းပခဲ့ပြီး မေးခွန်းပေါင်း  ၈၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၀၁၉ ခုနှစ်တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဒီကနေ့ ကျင်းပတဲ့ ၂၂ ကြိမ်မြောက် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးမှာ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က  တင်သွင်းရာမှာ ဖော်ပြထားတာပါ။

အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်အတွင်း ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကနေ ၂၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ လွှတ်တော်ပုံမှန်အစည်းအဝေး ၅ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ကိုယ်စားလှယ်တွေမေးမြန်းတဲ့ ကြယ်ပွင့်ပြမေးခွန်း ၅၈၃ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၆၀ ခု၊ အဆို ၄ ခုနှင့် ဥပဒေ ၂ ခုတို့ကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အကြောင်းအရာ ၃၈ ခုကိုလည်း လွှတ်တော်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေက တစ်နှစ်ထက် တစ်နှစ်ပိုမိုကောင်းမွန်လာခဲ့ပြီး တိုးတက်လာတယ်လို့လည်း ဒုဥက္ကဋ္ဌ ပြောပါတယ်။ 

တိုင်ကြားစာအနေနဲ့လည်း ၂၀၁၈ ခုနှစ်က ၆၂၈ စောင်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ၅၁၈ စောင်ရရှိခဲ့ပါတယ်။ အများစုက တိုင်းအစိုးရနဲ့ တိုင်းလယ်မြေစစ်ကော်မတီကို လွှဲပြောင်းပေး ခဲ့ရတာဖြစ်ပြီး ၁၅၃ စောင်ရှိကာ တိုင်းတရားရုံးချုပ် ၁၂ စောင်၊ တိုင်းဥပဒေချုပ် ၁ စောင်၊ အခြားဝန်ကြီးဌာန ၅၆ စောင်၊ တိုင်းထွေအုပ် ၂ စောင်၊ တိုင်းလယ်စီ ၃ စောင်၊ လွှတ်တော်ရေးရာ ကော်မတီ ၃၅ စောင်တို့အပါအဝင် လွှဲပြောင်းပေးမှု ၃၀၀ စောင်နှင့် လွှတ်တော်ကို မိတ္တူပေးပို့မှု ၂၁၈ စောင် စုစုပေါင်း ၅၁၈ စောင်ရှိခဲ့ပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ လက်ရှိကျင်းပနေတဲ့ ပုံမှန်အစည်းအဝေး အပါအဝင် ပုံမှန်အစည်းအဝေး ၂၂ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ် စုစုပေါင်း ၂၆ ကြိမ်ရှိပြီဖြစ်ပါတယ်။

ဒီကာလအတွင်း အသစ်ပြဋ္ဌာန်းတာ ပြင်ဆင်တာအပါအဝင် ဥပဒေပေါင်း ၈ ခုကို အတည်ပြုထားပြီး မူကြမ်း ၉ ခုကိုလည်း ညှိနှိုင်းဆွေးနွေးနေကာ တချို့ဥပဒေတွေကိုတော့ သက်ဆိုင်ရာ ဌာနတွေကို အကြံပြုချက်တောင်းယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၄ နှစ်တာကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း ၁၆၀၁ ခု၊ ကြယ်ပွင့်မပြ ၆၇၀၊ အဆို ၂၇ ခု၊ မဲခွဲဆုံးဖြတ်မှုအကြိမ်ရေ ၁၄ ကြိမ်၊ ဥပဒေပြင်ဆင်မှု ၂ ခု၊ အသစ် ၈ ခု၊ ပယ်ဖျက် ၆ ခုရှိပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရေး၊ ပြည်သူကို ကိုယ်စားပြုရေး၊ အစိုးရအဖွဲ့ကို စောင့်ကြည့်ထိန်းကျောင်းရေး စတဲ့ လုပ်ငန်းတာဝန် ၃ ရပ်ကိုလည်း လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှာပါ ကျေပွန်စွာ ဆောင်ရွက်ကြဖို့ကိုလည်း ဒုဥက္ကဋ္ဌက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013