DVB Logo
Home
မြန်မာသတင်း
အေအေစစ်ဦးစီးချုပ်၏ ဇနီးနှင့်သားသမီး ၂ ဦး ဆွစ်ဇာလန်တွင် သွားရောက်ခိုလှုံ
DVB
·
February 26, 2020
အေအေစစ်ဦးစီးချုပ်၏ ဇနီးနှင့်သားသမီး ၂ ဦး ဆွစ်ဇာလန်တွင် သွားရောက်ခိုလှုံ
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ လ၀ကရုံးမှာ ၃ လနီးပါးဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အေအေ စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ လူမမယ်ကလေး ၂ ဦးတို့ ဖေဖော်ဝါရီ ၂၅ ရက်က  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အစီအစဉ်နဲ့ တတိယနိုင်ငံကို ထွက်ခွာခွင့်ရသွားပြီ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၂၅ ရက် မနေ့ညနေပိုင်းက ဘန်ကောက်မြို့ သုဝဏ္ဏဘုမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တတိယနိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံကို ထွက်ခွါသွားပြီလို့  ချင်းမိုင်အခြေစိုက် ထိုင်း ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။  

“သူတို့သားအမိတွေ  UNHCR အစီအစဉ်နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ နေထိုင်ခွင့်ရသွားပြီ၊ မနေ့ညနေကဘဲ   ထွက်သွားပြီ၊ အသေးစိတ်တော့ မသိရဘူး ”

အေအေခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇာဖြူ (၃၉ နှစ်) သမီးကြီး စောပြည့်ရှင် (၁၁ နှစ်) နဲ့ သားငယ် မြတ်လင်းဇင် (၁၁ လ) တို့ဟာ  ၂၀၁၉ ဒီဇင်ဘာ ၄ ရက်က ချင်းမိုင်လ၀ကရုံးမှာ ဗီဇာသက်တမ်းလာတိုးစဉ် သူတို့ရဲ့ပတ်စပို့စ်စာအုပ်တွေကို မြန်မာအစိုးရက ရုပ်သိမ်းလိုက်ပြီလို့ အကြောင်းကြားလာတဲ့အတွက်  နိုင်ငံထဲ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။ 

ထိုင်းလဝကရဲက သူတို့သားအမိကို ကနဦးက ချင်းရိုင်းခရိုင်ကို ခေါ်ဆောင်ပြီး မယ်ဆိုင်- တာချီလိတ်ချစ်ကြည်ရေးတံတားကနေ မြန်မာအစိုးရလက်ထဲ ပြန်အပ်ဖို့ စီစဉ်ထားခဲ့တာပါ။

ဒါပေမယ့် သူတို့ဟာ မြန်မာအစိုးရလက်ထဲရောက်သွားရင် ရခိုင်ပြည်နယ်ပဋိပက္ခပို မိုဆိုးရွားစေမှာဖြစ်ကြောင်း ပြည်ပရောက် ရခိုင်အဖွဲ့အစည်းတွေကရော၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ပြန်မပို့ဖို့ တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013