
အဲဗာတန်အသင်းဟာ ဟားလ်စီးတီးအသင်းနဲ့ ပွဲမှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ရာသီအစ ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အသင်းပိုင်ရှင်တွေ ရောင်းချဖို့ ပြင်ဆင်နေမှု၊ အပြောင်းအရွှေ့ ခက်ခဲမှုတွေကြားကပဲ အဲဗာတန်တို့ ရလဒ်ကောင်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဟားလ်စီးတီးအသင်းအတွက် တိုက်စစ်မှူး ဂျိုးဂျဲဟတ်က ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပါတယ်။
အဲဗာတန်ဘက်က ဒူးစ်ဘူရီဟောနဲ့ သီယာနိုဘာရီတို့က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းခဲ့ပေမဲ့ ဟားလ်စီးတီး လူစားဝင်ကစားသမား မိုဟာမက်ဘယ်လိုမီက ဒုတိယပိုင်းမှာ အဖိုးတန်ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။











