
ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် ကျပ် သိန်း ၁၀၀ စပေါ်တင်ရမယ်လို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။
Outbound Tours တွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြည်ပကို ခရီးသွားဧည့်သည်တွေ ပို့တဲ့အချိန်မှာ ပြဿနာဖြစ်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကနေ အလည်အပတ်သွားတဲ့သူတွေက ပြန်မလာတော့ဘဲ ဟိုနိုင်ငံမှာ အလုပ်လုပ်တာ စတဲ့ကိစ္စတွေ ရှိလာတာတာကြောင့် outbound Tours တွေကို စပေါ်ငွေတင်ဖို့ လုပ်ဆောင်တာလို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပလာတဲ့ ဒေသဆိုင်ရာ ခရီးသွားကော်မတီက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး ခရီးသွားကော်မတီ ဖွဲ့စည်းပြီးတဲ့အချိန်ကစပြီး အမှတ်စဉ် (၁/၂၀၁၉)ကနေ (၆/၂၀၁၉) အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားလှည့်လည်ရေး လိုင်စင် ၃၅၆ ခု၊ ပြည်ပခရီးသွားလှည့်လှည်ရေး လုပ်ငန်းလိုင်စင် ၁၂၁ ခုနဲ့ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၂၁၈ ခုတို့ကို ခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။










