DVB Logo
Home
မြန်မာသတင်း
နခွန်းပထုံတွင် လုပ်အားခမရသည့် မြန်မာလုပ်သား ၃၅ ဦး ခရိုင်အလုပ်သမားရုံးကို တိုင်ကြား 
DVB
·
February 21, 2020
နခွန်းပထုံတွင် လုပ်အားခမရသည့် မြန်မာလုပ်သား ၃၅ ဦး ခရိုင်အလုပ်သမားရုံးကို တိုင်ကြား 
1 / 3
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုံခရိုင်ထဲမှာ မြန်မာလုပ်သား ၃၅ ဦး လုပ်အားခမရတဲ့ အတွက် ခရိုင်အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးကို သွားရောက်တိုင်တန်းထားတယ်လို့  77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ အလုပ်သမားတွေဟာ နခွန်းပထုံမြို့ ထနွန်ခတ်ရပ်ကွက် ၅ ရှိ တနောဝ်းဆရီ ကိုင်ထိုင်း ကြက်သားစက်ရုံကဖြစ်ပြီး လုပ်အားခ တနေ့ ၃၂၅ ဘတ်ရကြောင်း၊ အပတ်စဉ်  ပုံမှန် လုပ်အားခရှင်းပေးပေမယ့် လွန်ခဲ့တဲ့ ၂ လကစပြီး မရတော့တာကြောင့် စားဝတ်နေရေးအခက်အခဲ ကြုံလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ခရိုင်အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးကို သွားရောက်တောင်းဆိုခဲ့ကြတာလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက် ထိုင်း-မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက အဆိုပါကြက်သားစက်ရုံက လုပ်အားခမရတဲ့အလုပ်သမားတွေ ရာနဲ့ချီရှိခဲ့ပြီး အများစုက ပြန်ရခဲ့ကာ အခုအယောက် ၃၀ ကျော် ကျန်ရှိနေသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီစက်ရုံက ကြက်သားတွေထုတ်ပြီး ဂျပန်ပြည်ကို အဓိကတင်သွင်းနေတာ။ ပြီးခဲ့တဲ့နှစ် ၉ လပိုင်းကစ ဂျပန်က အော်ဒါမလာတော့ဘူး။ အဲဒါကြောင့် အရှုံးပေါ်ပြီး လုပ်ငန်း ပိတ်သိမ်း လိုက်ရတယ်။ လုပ်အားခမရတဲ့သူတွေ ၇၀၀ လောက်ရှိတယ်။ စက်ရုံအသစ်က ၃၅၀ အရင်လာတိုင်တယ်။ အဲဒီအသုတ်က လုပ်အားခတွေပြန်ရပြီး နောက်တခါ စက်ရုံဟောင်းကလူတွေလည်း သူတို့လည်း လုပ်အားခမရပါဘူးဆိုပြီး ထပ်တိုင်တယ်ဗျ။ ကျနော်တို့ အလုပ်သမားသံအရာရှိ ၂ ယောက်လိုက်ပြီးကူညီတာ ၂၀၀ ကျော်ပြန်ရပြီ၊ တချို့ကတော့ မယူတော့ဘူး။ အခုစိတ်ရှည်ရှည်နဲ့ လုပ်အားခပြန်ရရေး စောင့်နေတဲ့သူတွေ ရသင့်တဲ့လုပ်ခပြန်ရဖို့ လိုက်လုပ်ပေးနေပါတယ်။”

မနှစ် နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်ဆန်းပိုင်းမှာ စက်ရုံအလုပ်ရုံပိတ်သိမ်းလို့ အလုပ်ပြုတ်တဲ့ လုပ်သားတွေ ရာနဲ့ချီရှိပြီး မြန်မာသံရုံးအနေနဲ့ ရသင့်ရထိုက်တဲ့ လုပ်အားခနဲ့ လျော်ကြေးငွေ ပြန်ရရေး၊ အလုပ်အကိုင်သစ်ပြန်ရရေးအတွက် အလုပ်သမားရှာဖွေရေးရုံးနဲ့ ဆက်သွယ်ကူညီ ဆောင်ရွက်ပေး ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် သံအရာရှိတွေက နေရာအလိုက်ခွဲကာ ကွင်းဆင်းဆောင်ရွက်ပေးနေပြီး စာရင်းချုပ် မလုပ်ရသေးတာကြောင့် အလုပ်ပြုတ်တဲ့အလုပ်သမားဦးရေ အတိအကျမသိရသေးဘူးလို့ ဦးဇော်မင်းထွေးက ပြောသွားပါတယ်။ 

ဓာတ်ပုံ- 77kaoded 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013