Home
မြန်မာသတင်း
မြဝတီတွင် ဆောက်လုပ်ဆဲ အဆောက်အဦပြုကျ၊ အလုပ်သမား ၂ ဦး သေဆုံး
DVB
·
February 20, 2020
86790912_1508612469263204_201920774955597824_n
86728659_201056127795561_424481414684082176_n
86695373_2423254421108782_1647537523326451712_n
86395374_1008966966151850_1161358650032259072_n
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့က ဆောက်လုပ်ဆဲ အဆောက်အဦပြိုကျပိမိပြီး ပန်းရန်လုပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ပန်းရံလုပ်သား နေထက်လင်း (၂၅) နှစ်နဲ့ဖိုးထူးတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကား ကွန်ကရစ်လောင်းထားတဲ့ အလျား ပေ ၅၀၊ အနံ ပေ ၇၀ နဲ့ အမြင့် ၁၅ ပေရှိ ဆောက်လုပ်ဆဲ RC ၁ ထပ် အဆောက်အဦကြမ်းပြင်ရှိ ထောက်တိုင်တွေကို ဖြုတ်ချစဉ် အဆောက်အဦ ပြိုကျပိမိခဲ့တာပါ။ နေထက်လင်းနဲ့ ဖိုးထူးတို့နှစ်ဦး  မျက်နှာ၊ ရင်ဘတ်၊ နောက်ကျော ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ နေထက်လင်းအပါအဝင် ၂ ဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး သင်္ဃန်းညီနောင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁/၂၀၂၀) နဲ့ ရေးဖွင့်စစ်ဆေးနေပါတယ်။ ဓာတ်ပုံ - ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024