DVB Logo
Home
မြန်မာသတင်း
ချင်းတိုင်းရင်းသူ ထောင်ဇာနှဲမ်းဆုန်ရဲ့ အလွမ်းအဆွေးသီချင်းသစ်-‘ကြွေလွင့်မယ့်သူ’(ရုပ်သံ)
DVB
·
February 20, 2020
ချင်းတိုင်းရင်းသူ ထောင်ဇာနှဲမ်းဆုန်ရဲ့ အလွမ်းအဆွေးသီချင်းသစ်-‘ကြွေလွင့်မယ့်သူ’(ရုပ်သံ)
Donate to DVB

       “စွန့်လွှတ်အချစ်နဲ့… ကိုယ်ဟာ မပေးဆပ်နိုင်တော့… စိုးရွံ့ဒီစကား… ရင်မှာ မ ပြောဖြစ်ပေမယ့်… ကြိတ်မှိတ်ခံစား… နာကျင်တဲ့ နေ့တွေအတွက်… ရင်ခွင်မှာ ငိုကြွေး နေဆဲ”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ ချင်းတိုင်းရင်းသူ တေးသံရှင် ထောင်ဇာနှဲမ်းဆုန်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

       ‘ကြွေလွင့်မယ့်သူ’လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး တွမ်တွမ်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Legacy Music ကနေတဆင့် မျှဝေပေးထားခဲ့တာ ဖြစ်ပါ တယ်။

       “တို့ရဲ့ ကတိစကား… လေမှာဆောက်တဲ့ အိမ်လား… ပေးခဲ့တဲ့ အနမ်း… ဘယ်ဆီ လွင့်ပျောက်ပြီလဲ… တို့ရဲ့ အချစ်များ ပြန်လည်ပေးဆပ်နိုင်ဖို့… ယုံကြည်စွာ မျှော်လင့်နေ မယ်”

       ချင်းတိုင်းရင်းသူ တေးသံရှင် ထောင်ဇာနှဲမ်းဆုန်ဟာ ၂၀၁၃ ခုနှစ်ရဲ့ The Best of Melody World သီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ပါဝင်ခဲ့ပြီး စတုတ္ထဆုကို ရရှိခဲ့ကာ ဂီတလောကထဲကို လျှောက်လှမ်းနေခဲ့သူတဦးလည်း ဖြစ်ပါတယ်။

       ၂၀၀၇ ခုနှစ်ကတည်းက စတင်ကာ ရွက်ပုန်းသီး အနုပညာရှင်တွေကို မွေးထုတ် ပေးနေခဲ့တဲ့ The Best of Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေ များစွာထွက်ပေါ်လာခဲ့သလို ထောင်ဇာနှဲမ်းဆုန်က လည်း ကြိုးစား လျှောက်လှမ်းနေဆဲ အနုပညာရှင်တဦး ဖြစ်ပါတယ်။

       “မုန်းချင်မုန်းလိုက်ပါ… နင်ထားချင် ထားခဲ့ပါ… ငါ့ရင်ကွဲရမှာ… မင်းအတွက်ဆို လည်း… ကိုယ်ကျေနပ်လို့ သွားမှာပါ… ထားခဲ့လိုက်… မင်းကြိုက်သလိုမုန်းပစ်လိုက်… မင်းပျော်ဖို့အတွက်ငါ… နမ်းရှိုက်နေရင်း… ကိုယ်ဟာ မင်းလေးအနားမှာ ကြွေလွင့်မယ့်သူ ပါ”

       အလွမ်းအဆွေးသီချင်းစာသားတွေနဲ့ လှလှပပ သီဖွဲ့ထားတဲ့ ဒီသီချင်းကို လတ်တ လောမှာတော့ Lyrics Video အနေနဲ့ ထွက်ရှိထားခဲ့တာ ဖြစ်ကာ ထောင်ဇာရဲ့ ကြင်လင် တဲ့ အသံနဲ့အတူ ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013