DVB Logo
Home
မြန်မာသတင်း
တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ဒဏ်ခတ်ရန် ကရင်အမျိုးသမီးအစည်းအရုံးတောင်းဆို
DVB
·
February 20, 2020
တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ဒဏ်ခတ်ရန် ကရင်အမျိုးသမီးအစည်းအရုံးတောင်းဆို
Donate to DVB

မြန်မာပြည်သူတွေအနေနဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို ဝယ်ယူအသုံးပြုတာတွေမလုပ်ကြဖို့  ကရင်အမျိုးသမီးအစည်းအရုံး KWO က တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ဖို့ ထောက်ခံတဲ့အနေနဲ့ အခုလို တောင်းဆိုတာဖြစ်ကြောင်းနဲ့ နိုင်ငံတကာ သံရုံးတွေ၊ အလှူရှင်တွေအနေနဲ့ မိမိတို့ရဲ့ ငွေတွေကို တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေဆီမရောက်စေရေး မူဝါဒရေးဆွဲအကောင်အထည်ဖော်ဆောင်ဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

တပ်မတော်ပိုင်ကုမ္ပဏီတွေကနေ ရလာတဲ့ငွေတွေနဲ့ လက်နက်ခဲယမ်းတွေ  ဝယ်ယူအသုံးပြုနေသလို အဲဒီစီးပွားရေးလုပ်ငန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မြေယာသိမ်းဆည်းခံရမှုတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ ဒုဥက္ကဌ နော်အဲလစ်က ဒီဗွီဘီကို ပြောပါတယ်။

“တပ်မတော်က ကုမ္ပဏီပိုင်စီးပွားရေးလုပ်တယ်မလား၊ အဲဒါ သူတို့တပ်ရဲ့ လှုပ်ရှားမှုတွေကို ကျမတို့အားပေးသလိုဖြစ်တာပေါ့နော်။ စစ်တပ်က သိတဲ့အတိုင်းပဲ။ သူတို့စီးပွားရေးလုပ်တဲ့အခါမှာ လူ့အခွင့်အရေးတွေ၊ ပြည်သူတွေရဲ့မြေယာတွေ သိမ်းတာလည်းပါတာတွေရှိတယ်။” လို့ပြောပါတယ်။

တပ်မတော်အနေနဲ့ ဆယ်စုနှစ်များစွာ ခိုင်ခံ့တဲ့အာဏာနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကဏ္ဏအလိုက် ဩဇာလွှမ်းမိုးပြီး စီးပွားရေးအကျိုးအမြတ်တွေရယူနိုင်ခဲ့တယ်လို့လည်း ကရင်အမျိုးသမီးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဆက်ရှိနေတယ်၊ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁၁  ကရင်အမျိုးသားနေ့အထိ မူတရော်ဒေသ (ဖာပွန်ခရိုင်)ကို လက်နက်ကြီးမော်တာ ၁၂၆ လုံး ပစ်ခတ်ခဲ့တဲ့အပြင် အရပ်သားတွေပိုင်ဆိုင်တဲ့ စိုက်ပျိုးရေးခြံ ၄၀  လောက်ကိုလည်း တပ်မတော်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ထုတ်ပြန် စွပ်စွဲထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ဟာ စစ်တပ်ပိုင် လုပ်ငန်းတွေဖြစ်ပြီး မြဝတီဘဏ်၊ မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်း၊ ပါရမီ၊ ရွှေမန်းသူ၊ သယ်ယူပို့ဆောင်ရေးစတဲ့လုပ်ငန်းတွေအပြင် သတ္တုတူးဖော်ရေး၊ ကျောက်မျက်လုပ်ငန်း၊ လောင်စာဆီလုပ်ငန်း၊ အထည်ချုပ်နဲ့ အရက်ချက်စက်ရုံစတဲ့ လုပ်ငန်းပေါင်းစုံကိုလည်း လုပ်ကိုင်ပါတယ်။

တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေဟာ အများပြည်သူအတွက် လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်ဖို့နဲ့ တပ်မတော်သားတွေ၊ စစ်မှုထမ်းဟောင်းတွေရဲ့ မှီခိုသူ ဇနီး၊ သားသမီးတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့ ရည်ရွယ်ဆောင်ရွက်တာလို့ ကာကွယ်ရေးဦးစီးချုပ်က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013