DVB Logo
Home
မြန်မာသတင်း
IKA Culinary Olympic 2020 ဟင်းချက်ပြိုင်ပွဲ၌ မြန်မာပြည်က Chef အဖွဲ့ ကြေးတံဆိပ်ဆုရ 
DVB
·
February 19, 2020
IKA Culinary Olympic 2020 ဟင်းချက်ပြိုင်ပွဲ၌ မြန်မာပြည်က Chef အဖွဲ့ ကြေးတံဆိပ်ဆုရ 
1 / 2
Donate to DVB

ဂျာမနီနိုင်ငံမှာ  ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်နေ့ထိကျင်းပတဲ့   IKA Culinary Olympic 2020 ဟင်းချက်ပြိုင်ပွဲမှာ မြန်မာပြည်က စားဖိုမှူး Chef Zin Maw Win နဲ့ Chef Chit Min Thu တို့က  ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

IKA Culinary Olympic ဟင်းချက်ပြိုင်ပွဲဟာ နိုင်ငံတကာ ဟင်းချက်ပြိုင်ပွဲကြီး တစ်ခုဖြစ်ပြီး ရှေးအကျဆုံးနဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

နိုင်ငံတကာက Professional Chef ‌တွေ စိတ်ဝင်တစား လာရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ဟင်းပွဲ‌တွေကို ပြုလုပ်တည်ခင်းပြသတဲ့ ပွဲလည်းဖြစ်ပါတယ်။ 

မြန်မာ Chef Zin Maw Win ဟာ အရင်က နိုင်ငံတကာ ဟင်းချက်ပြိုင်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး ဆုတံဆိပ်တွေလည်း ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်။

မြန်မာပြည်က Chef အဖွဲ့ဟာ ဒီပြိုင်ပွဲကို  မက်ထရိုမြန်မာရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013