DVB Logo
Home
မြန်မာသတင်း
Master Chef Myanmar ဟင်းချက်ပြိုင်ပွဲ မြင့်သူထက်၊ မိုးသူ၊ ဆုမွန်နှင်းတို့ Top 3 အဆင့်တက်
DVB
·
January 18, 2021
Master Chef Myanmar ဟင်းချက်ပြိုင်ပွဲ မြင့်သူထက်၊ မိုးသူ၊ ဆုမွန်နှင်းတို့ Top 3 အဆင့်တက်
Donate to DVB

မနေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ Master Chef Myanmar Season 3 ဟင်းချက်ပြိုင် ပွဲမှာတော့ နောက်တဆင့် ဆက်တက်နိုင်ခဲ့တဲ့ Top 3 ပြိုင်ပွဲဝင် ၃ ယောက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ခုတပတ်ရဲ့ Top 4 ပြိုင်ပွဲမှာတော့ အသက် ၂၃ နှစ်အရွယ် လူငယ်ပြိုင်ပွဲဝင်တ ယောက်ဖြစ်တဲ့ မြင့်သူထက်က အကောင်းဆုံး အစွမ်းပြချက်ပြခဲ့ကာ Winner ဆုကို ရရှိ သွားခဲ့ပါတယ်။

ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ၃ ယောက်ဖြစ်ကြတဲ့ ရဲလွင်ဦး၊ မိုးသူနဲ့ ဆုမွန်နှင်းတို့က Pressure Test အနေနဲ့ ဆက်လက် ယှဉ်ပြိုင်ရာမှာတော့ ပြိုင်ပွဲတလျှောက် အစွမ်းပြခဲ့တဲ့ မသန်စွမ်းပြိုင်ပွဲဝင်တယောက် ဖြစ်တဲ့ ပြိုင်ပွဲဝင် ရဲလွင်ဦးက လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေထဲက မြင့်သူထက်၊ မိုးသူနဲ့ ဆု မွန်နှင်းတို့ ၃ ယောက်က နောက်တဆင့် ဆက်လက်တက်ရောက်နိုင်ခဲ့တာပါ။

ဒီပြိုင်ပွဲကို ရုပ်သံရှိုး အစီအစဉ်တခုအနေနဲ့ MRTV-4 ရုပ်သံလိုင်းကနေ Season 1 နဲ့ Season 2 တို့ကို ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ကာ တင်တင်ဦးနဲ့ အာကာတို့က Winner ဆုတွေ အသီးသီးရရှိခဲ့ကြပါတယ်။

ခုလက်ရှိ Season 3 ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတုန်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ပြိုင်ဘက်တွေကြား ဟင်းချက်စွမ်းရည်အဆင့်ဆင့်နဲ့ ယှဉ်ပြိုင်ကြရတဲ့ ဒီ အစီအစဉ်မှာ Jean Marc Lemmery၊ ဦးရဲထွဋ်ဝင်း၊ ဒေါ်ဖြူဖြူတင်တို့က ဒိုင်တွေအနေနဲ့ အကဲဖြတ်အမှတ်ပေးခဲ့ကြတာဖြစ်ပြီး မှတ်ချက်တွေနဲ့အတူ ပရိသတ်တွေကြား လှုပ်လှုပ် ခတ်ခတ်ဖြစ်စေခဲ့တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ည ၆.၅၀ နာရီတိုင်းမှာ ထုတ်လွှင့် တင်ဆက်ပေးနေတာဖြစ်ပြီး နောက်တပတ်မှာ Top 3 ပြိုင်ပွဲဝင်တွေက ဘယ်လို အချက် အပြုတ်စွမ်းရည်တွေနဲ့ အစွမ်းပြကြမလဲ၊ ဘယ်သူက လက်ပြနှုတ်ဆက်ပြီး ဘယ်ပြိုင်ပွဲဝင် တွေက နောက်တဆင့် ဆက်တက်သွားနိုင်မလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013