DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ကုန်ကြမ်းပြတ်မည့် ပြဿနာရှိနေ
DVB
·
February 17, 2020
Donate to DVB

မြန်မာပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေ ကုန်ကြမ်းပြတ်တော့မယ့်ကိစ္စကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့ တပတ်အတွင်း ညှိနှိုင်းအဖြေရှာဖို့ ရှိနေပါတယ်။ 

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လတ်တလောမှာတော့ ပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေ ကုန်ကြမ်းပြတ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ကုန်ကြမ်းကလည်း တရုတ်နိုင်ငံကနေပဲ အဓိကတင်သွင်းတာဖြစ်နေလို့ နယ်စပ်ကုန်သွယ်ရေးတွေမှာ ကုန်စည်စီးဆင်းမှုရပ်တန့်နေတာကြောင့် ကုန်ကြမ်းပြတ်မယ့် ပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

အဲ့ဒီ ပြဿနာကိုဖြေရှင်းနိုင်ဖို့ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ အထည်ချုပ်လုပ်ငန်းရှင်တွေ လာမယ့်တပတ်အတွင်း ညှိနှိုင်းအဖြေရှာမယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

လက်ရှိမှာတော့ အထည်ချုပ်လုပ်ငန်းတွေမှာ အချိန်ပိုဆင်းချိန်လျှော့တာ၊ စက်ရုံတချို့ ပူးပေါင်းလိုက်တာတွေနဲ့ ကုန်ကြမ်းပြတ်တာကို အရေးပေါ်ဖြေရှင်းနည်းတရပ်အနေနဲ့ ဖြေရှင်းနေ ပါတယ်။ 

ရှိတဲ့ကုန်ကြမ်းနဲ့ပဲ ချွေတာပြီး လုပ်ငန်းဆက်နေရသလို အချိန်ပိုလျှော့လိုက်တာကြောင့်လည်း အလုပ်သမားတွေဘက်က တောင်းဆိုမှုတချို့ ရှိလာနေပြီလို့လည်း အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စက်ရုံအများစုမှာ ရှိနေတဲ့ကုန်ကြမ်းတွေကလည်း မတ်လဆန်းလောက်အထိသာ ရှိနိုင်တဲ့ အနေအထားဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ 

ပြည်တွင်းက အထည်ချုပ်လုပ်ငန်းစက်ရုံပေါင်း ၄၀၀ ဝန်းကျင်လောက်ရှိပြီး အများစု ကတော့ တရုတ်နိုင်ငံသားအများစု ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေဖြစ်ပါတယ်။ 

အဲ့ဒီ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အထည်ချုပ် အလုပ်သမားကတော့ ၅ သိန်းဝန်းကျင်လောက်ရှိနေတာပါ။

သင်းသင်းဇော်  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013