DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ဖေဖော်ဝါရီ ၂၀ ရက်နေ့ စတင်ထုတ်ယူနိုင်
DVB
·
February 16, 2020
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ဖေဖော်ဝါရီ ၂၀ ရက်နေ့ စတင်ထုတ်ယူနိုင်
Donate to DVB

လာမယ့်မတ်လ ၁၁ ရက်မှာ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားတွေကို ဖေဖော်ဝါရီ ၂၀ ရက်မှာ စတင်ထုတ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။

အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲနဲ့ တွဲဖက်အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေဟာ စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) တွေကို မိမိတို့ ကျောင်းအုပ်ကြီးတွေဆီမှာ ထုတ်ယူရမှာပါ။

အပြင်ကနေ ဖြေမယ့် ကျောင်းသားတွေကတော့ မိမိတို့ ဖြေဆိုရမယ့် စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေဆီမှာ ထုတ်ယူရမှာ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကတ်ပြားထုတ်ယူရာမှာ အခက်အခဲရှိရင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေနဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနဆီကို တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၁၁ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဖြေဆိုဖို့ စာရင်းပေးထားသူ ဦးရေ ၉၇၀,၀၀၀ ကျော်ရှိပြီး တနိုင်ငံလုံးမှာ စာစစ်ဌာန ၁,၉၉၀ ရှိတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013