DVB Logo
Home
ကျန်းမာရေး
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်သန့်ဆေးရည် နဲ့ လက်ဆေးတာ စိတ်ချရပါ့မလား
DVB
·
February 15, 2020
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်သန့်ဆေးရည် နဲ့ လက်ဆေးတာ စိတ်ချရပါ့မလား
Donate to DVB

ကိုရိုနာပဲဖြစ်ဖြစ် ဘာဗိုင်းရပ်စ်ပဲလာလာ ကြိုတင်ကာကွယ်မှုအခြေခံအဆင့်အဖြစ် လက်ဆေးဖို့ သတိပေးကြပါတယ်။ ဒါပေမယ့် လက်ထဆေးဖို့ ပျင်းတဲ့အခါ အလွယ်သုံးဖို့၊ လက်ဆေးဖို့မလွယ်တဲ့ အနေအထားတွေမှာ သုံးဖို့၊ သွားရင်းလာရင်း အရေးပေါ်သုံးဖို့ အိတ်ထဲအလွယ်ဆောင်ထားလို့ရတဲ့ လက်သန့်ဆေးရည် ကို အားကိုးကြတယ်ဟုတ်။ ရေမလိုဘဲ လက်ထဲထည့်ပြီးပွတ်လိုက်ရုံပဲ ဆိုပြီးတော့လေ။

အခုလို ရောဂါပိုးကူးစက်ခံရမယ့်ဘေး စိုးရိမ်နေကြတဲ့အချိန် အရေးကြီးတာက ထိရောက်တဲ့ကာကွယ်မှုပါပဲ။ မကြာခဏလက်တော့ဆေးပါတယ်၊ လက်ကို ရေဆွတ်ရုံဆေးတာ၊ ဆေးနည်းမမှန်လို့ မပြောင်စင်တာ၊ ရေကမသန့်တာ စတဲ့ အမှားအယွင်းတွေကိုလည်း ထည့်တွက်သင့်ပါတယ်။ ဆပ်ပြာနဲ့ ရေ သုံးပြီးဆေးကြောတာတောင် ဒီအချက်တွေကိုမူတည်ပြီး ကာကွယ်မှု၊ ထိရောက်မှုတွေ ကွာခြားနိုင်သေးတာ ရေမပါတဲ့ လက်သန့်ဆေးရည်နဲ့ လက်ကိုဆွတ်တာ ပိုပြီး တွေးစရာများပါတယ်။

လက်သန့်ဆေးရည် (Hand Gel/ Hand Sanitizer) တွေက ကာကွယ်မှုထိရောက်ရဲ့လား


ထိရောက်ပါတယ်။ ဒါပေမယ့် လူသုံးများတဲ့ လက်သန့်ဆေးရည် အတော်များများမှာ လက်အသားအရေမထိခိုက်စေဖို့ alcohol မပါ၊ ethanol အခြေခံပြီးထုတ်လုပ်တာတွေရှိပါတယ်။ အမှန်က alcohol ပါဝင်တဲ့ လက်သန့်ဆေးရည်နဲ့ ဂျယ်လ်တွေကမှ ရာသီတုပ်ကွေးတွေ၊ အအေးမိတာနဲ့ တခြားဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးတွေကို ကာကွယ်ရာမှာ ပိုထိရောက်တာပါ။

ကျိုတိုစီရင်စု ဆေးတက္ကသိုလ်ရဲ့ သုတေသနတွေ့ရှိမှုအရ ethanol လက်သန့်ဆေးရည်တွေဟာ အသုံးပြုပြီး ၂ မိနစ်အထိ တုပ်ကွေးဗိုင်းရပ်စ် influenza A ဆက်လက်ရှင်သန်နေနိုင်တယ်လို့ ဆိုပါတယ်။

influenza A ဗိုင်းရပ်စ်ရဲ့အမှုန်စက်တွေမှာ ပတ်လည်ရှိနေတဲ့အချွဲတွေက ဗိုင်းရပ်စ်ကို ကာကွယ်ပေးနေတာဖြစ်ပြီး ethanol လက်သန့်ဆေးရည်က ဒီအတွက် ထိရောက်မှုနည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ရေနဲ့လား ၊ Hand Gel လား


ရောဂါပိုးတွေ ကာကွယ်ဖို့ အကောင်းဆုံးက ရေ၊ ဆပ်ပြာ သုံးရတဲ့ သမားရိုးကျ လက်ဆေးနည်းပါပဲ။ ဆပ်ပြာမရှိရင် ရေနဲ့ပဲဆေးတာတောင် ထိုက်သင့်သလောက် သန့်စင်ပစ်နိုင်ပါတယ်။ လက်ဆေးတဲ့အခါ စက္ကန့် ၂၀ လောက်တော့ လက်ကို သေချာဆေးကြောဖို့တော့လိုပါတယ်။

အပေါ်မှာပြောခဲ့သလို ရေနဲ့ဆပ်ပြာမရှိတဲ့အခါ၊ လက်ဆေးဖို့ အခြေအနေမပေးတဲ့အခါ၊ သွားရင်းလာရင်း လက်သန့်ချင်တဲ့အခါ alcohol ပါဝင်မှု ၆၀ ရာခိုင်နှုန်းရှိတဲ့ Hand Gel တွေသုံးနိုင်ပါတယ်။

ဒါပေမယ့် –


သတိထားရမှာက alcohol ပါတဲ့ Hand Gel တွေဟာ ဘက်တီးရီးယားတွေကိုသာ ရှင်းလင်းပေးနိုင်တာပါ၊ လက်ကို အပြီးသန့်စင်ပေးနိုင်တာမဟုတ်ပါဘူး။ ဥပမာ ဖုန်မှုန့်တွေ၊ norovirus သို့မဟုတ် E. coli တို့လို ပိုးတွေကို မရှင်းလင်းပေးနိုင်ပါဘူး။

စျေးသက်သာတာ မမက်ပါနဲ့


Hand Gel နဲ့ဆေးတဲ့အခါ ၁၅ စက္ကန့် လောက်ဆိုရတယ်ဆိုပေမယ့် အရည်အသွေးမကောင်းတဲ့ Hand Gel တွေမသုံးမိဖို့တော့ သတိပေးချင်ပါတယ်။ Hand Gel ဖြစ်ရင်ပြီးရော၊ အနံ့လေးမွှေးလို့၊ ဘူးလေးလှလို့ ဆိုပြီး မရွေးချယ်ဖို့တော့ လိုပါတယ်။

စျေးပေါတဲ့ တချို့ Hand Gel လေးတွေက အမွှေးနံ့လေးထည့်ထားတဲ့ ရေလိုလို၊ ဂျယ်လိုလိုသာ ရှိတာပါ၊ ကာကွယ်နိုင်စွမ်းနဲ့ သန့်စင်နိုင်စွမ်းတွေ မပါသလောက်ကို ရှိပါတယ်။ ဒါမျိုးလေးတွေက နေ့စဉ်အသုံးပြုရာမှာ တော်ရုံကာကွယ်မှုပေးနိုင်ပေမယ့် ကူးစက်နိုင်တဲ့ ရောဂါကာကွယ်မှုမှာတော့ စိုးရိမ်ရတဲ့အချက်ပါ။

ဒါ့ကြောင့် လက်ဆေးမယ်ဆို ကျန်းမာရေးအဖွဲ့အစည်းတွေ အကြံပေးတဲ့အတိုင်း အကောင်းဆုံးက ဆပ်ပြာနဲ့ရေကို သုံးပြီး သေချာဆေးကြောပါ။ ရေနဲ့ဆပ်ပြာမလွယ်တဲ့အချိန်မျိုးမှာ alcohol ပါဝင်မှု ၆၀ ရာခိုင်နှုန်းရှိတဲ့ Hand Gel ကို အရည်အသွေးကောင်းတာ ဝယ်သုံးပါ။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013