DVB Logo
Home
မြန်မာသတင်း
မုံရွာခရိုင်အတွင်း ကျောင်းသား ၃၀၀၀၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်
DVB
·
February 14, 2020
မုံရွာခရိုင်အတွင်း ကျောင်းသား ၃၀၀၀၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနကနေ သစ္စာစီမံချက်နဲ့ စာသင်ကျောင်းပေါင်း ၉၀ ကျော်က ကျောင်းသားကျောင်းသူ ၃၁၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၄ ရက်မနက်ပိုင်းက နိုင်ငံသားစိစစ်‌ရေးကတ်တွေ ပေးအပ်ခဲ့ပါတယ်။ 

ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြ ပါတယ်။

လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက  "လူဝင်မှုကြီးကြပ်ရေးရုံးတွေအနေနဲ့ စစ်ကိုင်းတိုင်းအတွင်း အရင်အစိုးရ အဆက်ဆက်က ကျင်လည်ကျက်စားခဲ့တဲ့ အဂတိတရားတွေကို အခုအစိုးရလက်ထက်မှာ ပြောင်းလဲခြင်းနဲ့အတူ စနစ်သစ်၊ ဆောင်ရွက်မှုအသစ်၊ ခံယူချက်အသစ်တွေနဲ့ အဂတိနည်းနိုင်သမျှနည်းအောင် လုပ်ဆောင် ပေးထားတာကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်နေရပြီမို့ ဒီကောင်းမွန်တဲ့ စနစ်သစ်တွေ အုတ်မြစ်ချ ခိုင်မြဲအောင် ဝန်ထမ်းပြည်သူပူးပေါင်းပြီး ထိန်းသိမ်းသွားကြဖို့ လိုပါတယ်" လို့ ပြောပါတယ်။

လဝက အနေနဲ့ နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ကေးကတ်ပြား ရရှိရေးကို စီမံချက်တွေရေးဆွဲကာ မြို့နယ်အလိုက် ရပ်ကွက်၊ ကျေးရွာတွေထိ သွားရောက်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

ဒီနေ့ပေးအပ်ရာမှာတော့ မုံရွာခရိုင်အတွင်းက စာ‌သင်ကျောင်းပေါင်း ၉၁ ကျောင်းက ‌အသက် ၁၀ နှစ်ပြည့်ပြီးတဲ့ ကျောင်းသားကျောင်းသူ ၃၁၈၅၃ ယောက်ကို ထုတ်ပေးခဲ့တာပါ။ ဒါ့အပြင် မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ အရာတော်မြို့နယ်တွေက အိမ်ထောင်စု ၁၁၂၆၆ စုကိုလည်း အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခဲ့ပါသေးတယ်။ 

စစ်ကိုင်းတိုင်း လဝကအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း လူဦးရေ ၂၅၈၄၇၆ ဦးကို နိုင်ငံသား စိစစ်ရေးကတ်နဲ့ အိမ်ထောင်စု ၅၉၄၄၉ စုကို လူဦးရေစာရင်းတွေ ပေးအပ်ခဲ့ပါတယ်။ ၂၀၁၅-၁၆ ကနေ ဒီနေ့အထိ ၅ နှစ်တာကာလအတွင်း လူဦးရေ ၁၄၄၀၁၁၃ ကို နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လဝကအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာလည်း မဲပေးခွင့်ရှိသူတွေ မဲပေးခွင့် မဆုံးရှုံးရအောင် ဆက်စပ်ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တိုင်းလဝက ဦးစီးမှူး ဦးယဉ်ထွေးက ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013