DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံးမှတ်ပုံတင် ပြန်လုပ်မရသဖြင့် ကရင်နီစစ်ရှောင်များ အခက်ကြုံ
DVB
·
February 26, 2024
ပျောက်ဆုံးမှတ်ပုံတင် ပြန်လုပ်မရသဖြင့် ကရင်နီစစ်ရှောင်များ အခက်ကြုံ
Donate to DVB

တိုက်ပွဲကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကို ရောက်ရှိလာတဲ့ ကရင်နီ စစ်ရှောင်တချို့ဟာ မှတ်ပုံတင် ပျောက်ဆုံးတာနဲ့ အသက် ၁၈ နှစ်ပြည့် လဲလှယ်တာကို လုပ်ဆောင်လို့ မရတာကြောင့် နေထိုင်ရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေ ပြောပြချက်အရ သိရပါတယ်။

မှတ်ပုံတင် ပျောက်ဆုံးတာ၊ အိမ်ထောင်စုစာရင်း မရှိတာ၊ အုပ်ချုပ်ရေးမှူး ထောက်ခံစာ ရယူဖို့ ခက်တာတွေကြောင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ မသင်္ကာမှုနဲ့ စစ်ဆေးခံနေရပြီး ဧည့်စာရင်းတိုင်ရာမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။

အရေးကြီးတဲ့ မှတ်ပုံတင် လျှောက်ထားတာကို မပြုလုပ်ပေးတဲ့အတွက် နေထိုင်ရေးနဲ့ သွားလာရေးမှာ အခက်အခဲရှိနေတယ်လို့ တောင်ကြီးမြို့ရောက် ကရင်နီ စစ်ရှောင်အမျိုးသမီးတဦးက ဆိုပါတယ်။

“မွိုးက မှတ်ပုံတင်ပျောက်သွားတာ၊ လမ်းမှာ အစစ်အဆေးများတော့ တောင်ကြီးကို လိုက်မလာရဲဘူး။ ဆီဆိုင်မှာ စစ်ရှောင်တာလေ။ အဲဒီမှာ တိုက်ပွဲထပ်ဖြစ်တော့ တောင်ကြီးကို လာဖို့ဆို မွိုးက မှတ်ပုံတင်မရှိလို့ လာလို့မရဘူး။ အိမ်ထောင်စုဇယားလည်း မပါလာဘူး။ ဂိတ်မှာ စစ်မှာကြောက်လို့ နေခဲ့ရတယ်။ ရုံးမှာ သွားမေးတော့လည်း မဖွင့်သေးဘူးလို့ပဲ ပြောတယ်။”

ကရင်နီပြည် လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲဖြစ်နေတာကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက ဌာနဆိုင်ရာ ရုံးတချို့က ဝန်ထမ်းတွေကို တောင်ကြီးမြို့မှာ ရုံးလည်ပတ်နိုင်ဖို့ ရွှေ့ပြောင်းထားပြီး ဖြစ်ပေမဲ့ နိုင်ငံကူးလက်မှတ်ရုံးနဲ့ လူဝင်မှုကြီးကြပ်ရေး ရုံးလုပ်ငန်း မလည်ပတ်နိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်တောင်ပိုင်းထဲကို ဝင်လာတဲ့ ကရင်နီပြည်သူတွေကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက စစ်ဆေးရေးတင်းကျပ်နေပြီး အမှန်တကယ် နေထိုင်တဲ့ ရပ်ကွက်‌ ထောက်ခံစာနဲ့ တာဝန်ရှိသူရဲ့ လက်မှတ်ပြနိုင်မှ သွားလာခွင့်ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013