DVB Logo
Home
Lead Story
ဖြိုးမြတ်အောင် ဆိုက်ကားနင်း သရုပ်ဆောင်သီဆိုထားသည့် ‘ဘယ်သူပြောပြော’ သီချင်း(ရုပ်သံ)
DVB
·
February 11, 2020
ဖြိုးမြတ်အောင် ဆိုက်ကားနင်း သရုပ်ဆောင်သီဆိုထားသည့် ‘ဘယ်သူပြောပြော’ သီချင်း(ရုပ်သံ)
Donate to DVB

“ဘယ်သူ ဘာပြော ပြော ပြောကွာ… ငါကြိတ်မှိတ်ဆက်လျှောက်မှာ… ငါ လျှောက်တဲ့လမ်းမှာ… ဆူးခလုတ်များနဲ့ပါ… နေ့တိုင်းဖြစ်တတ်တဲ့ လောကသဘောလေး ပါ… လျှောက်ပြီး မမျောနဲ့ကွာ… သတိတော့အမြဲရှိပါ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ မြန်မာအိုင်ဒေါ တေးသံရှင် အဆိုတော် ဖြိုးမြတ်အောင်ရဲ့ သီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။

“ဘယ်သူပြောပြော” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ပိုင်ထူးက ရေးဖွဲ့ပေးထားခဲ့တာဖြစ်ပြီး ဖြိုးမြတ်အောင်ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ “သင့်အတွက်မနက်ဖြန်” ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

“အိုး… ငါ့မကောင်းကြောင်းပြောတာ… ကြည့်ကျက်လုပ်ကြပါ… ငါ့သမိုင်း ငါရေးတာ… မင်းအတွက် ထိခိုက်လား… ဘာကြီးမို့လို့ပါ… မင်းလောက်ကတော့ကွာ… လျှောက်ပြီး မပြောနဲ့ကွာ… ငါ ခေါင်းပိတ်ခေါက်လိုက်မှာ”

Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲတလျှောက်မှာ ကတည်းက ပရိသတ်အမြောက်အမြားရှိခဲ့သူဖြစ်ပါတယ်။

သူဟာ လက်ရှိအချိန်ထိ ဂီတဖျော်ဖြေပွဲတွေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဆောင်နေရသူ ဖြစ်ကာ သူ့ရဲ့ တကိုယ်တော်တေးအယ်လ်ဘမ်ဟာလည်း ထွက် ထွက်ချင်းမှာကိုပဲ ရောင်းမလောက်အောင် ဖြစ်ခဲ့ရတာပါ။

“လာလာ ပြီး… မပြောပါနဲ့… အိုး မင်းပါးစပ်တွေ ပိတ်ထား… လာလာ ပြီး… မ ပြောပါနဲ့… အိုး မင်းပါးစပ်တွေ ပိတ်ထား”

ခုထွက်ရှိလာတဲ သီချင်းရုပ်သံထဲမှာတော့ ဖြိုးမြတ်အောင်က ဆိုက်ကားနင်းပြီး ရေသန့်ဘူးလိုက်ပို့ရတဲ့ ကောင်လေးတယောက်အနေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကို တွေ့ကြရမှာပါ။

အလန်းစား၊ အကြမ်းစား သီဆိုဟန်နဲ့ မြူးကြွတဲ့ တေးသွားသံစဉ်တွေနဲ့အတူ လိုက်ဖက်တဲ့ သရုပ်ဖော်မှုတွေနဲ့ ဒီသီချင်းကိုတော့ Joox Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ တသန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013