DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီ တတိယပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမည်
DVB
·
February 11, 2020
မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီ တတိယပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမည်
Donate to DVB

Corona Virus ဟုတ်မဟုတ်ကို လာမယ့် ဖေဖော်ဝါရီ တတိယပတ်မှာ ပြည်တွင်းက ဓာတ်ခွဲခန်းတွေမှာပင် စမ်းသပ်စစ်ဆေး အဖြေထုတ်နိုင်တော့မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း ဒလ မဲဆန္ဒနယ်က ဒေါက်တာစိန်မြအေးရဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုရာမှာ ဝန်ကြီးက ထည့်သွင်း ပြောကြားသွားတာဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး လတ်တလော ပြည်တွင်းမှာ အဖြေရှာနိုင်ခြင်းမရှိပေမယ့် ပြည်ပနိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ အခုလအတွင်းမှာပဲ ပြည်တွင်းမှာ စမ်းသပ် အဖြေရှာနိုင်တော့မှာဖြစ်ပါတယ်။

“JICA ကနေ မနက်ဖြန်လောက်ရဖို့ရှိပါတယ်။ ထိုင်းနိုင်ငံကနေ ဓာတ်ခွဲအကြိမ် ၁၀၀ စာ ရတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Center for Dease Control ကလည်း ၁၇ ရက်နေ့မှာ အခါ ၂၅၀ စာလောက် လုပ်ဖို့ ရတဲ့အပြင် ဘန်ကောက်မှာ အခြေစိုက်တဲ့ ASIA – Pacific ရဲ့ Chief ကိုယ်တိုင်လာပြီး ကျနော်တို့ Biologist တွေနဲ့ Training ပေးမယ် လုပ်မယ်ဆိုလို့ရှိရင် ကျနော်ထင်တာတော့ ၁၉,၂၀,၂၁ လောက်မှာ ဆိုရင် ကျနော်တို့နိုင်ငံမှာ ဒီရောဂါဟုတ်မဟုတ်ကို စမ်းသပ်လို့ရဖို့ရှိပါတယ်။ နောက်မကျပါဘူး” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းက သံသယလူနာတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ဟုတ်မဟုတ်ကို ထိုင်းနိုင်ငံကို ပေးပို့ပြီး အတည်ပြုချက်ရယူနေရတာပါ။ 

ပြည်တွင်းမှာတင် စမ်းသပ် အဖြေရှာနိုင်တော့မှာ ဖြစ်ပေမယ့် အစောပိုင်းအကြိမ်တွေမှာ တော့ လက်ရှိစမ်းသပ်အတည်ပြုနိုင်နေတဲ့ ၁၅ နိုင်ငံကို ပေးပို့အတည်ပြုချက် ရယူရဦးမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာ Corona Virus သံသယလူနာ ၁ ဦးအပါအဝင် လူနာ ၂၀ ကို သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုကုသပေးနေတယ်လို့ သိရပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၁၈ ဦး၊ ကူးစက်ခံရသူ ၄၃၁၀၂ ဦးနဲ့ ပျောက်ကင်းသက်သာသူ ၄၀၂၆ ဦး ရှိပြီလို့သိရပါတယ်။ 

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013