DVB Logo
Home
မြန်မာသတင်း
ပြည်ပဖားမျိုးနှင့် ဒေသဖားမျိုးစပ် ဖားမွေးမြူရေးလုပ်ငန်း အောင်မြင်မှုရရှိနေ
DVB
·
January 29, 2020
ပြည်ပဖားမျိုးနှင့် ဒေသဖားမျိုးစပ် ဖားမွေးမြူရေးလုပ်ငန်း အောင်မြင်မှုရရှိနေ
Donate to DVB

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှာ ပြည်ပဖားမျိုးစိတ်နဲ့ ဒေသဖားမျိုးစိတ် ပေါင်းစပ်ကာ ဖားသားပေါက် မွေးမြူရေးလုပ်ငန်း အောင်မြင်နေတယ်လို့ ဖားမွေးမြူရေး လုပ်ကိုင်သူတွေက ပြောပါတယ်။

မာန်အောင်မှာ ဖားမွေးမြူရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ်က စတင်လုပ်ဆောင်တာဖြစ်ပြီး လက်ရှိမွေးမြူသူ ၅ ဦးရှိပါတယ်။

ပြည်ပဖားတမျိုးတည်း မွေးမြူရာမှာ ရာသီဥတုနဲ့ကိုက်ညီမှု မရှိတဲ့အတွက် သေဆုံးတာရှိခဲ့ပြီး အခုဒေသဖားမျိုးစိတ်နဲ့ သားဖောက်စနစ်ပြုလုပ်ကာ မွေးမြူတဲ့အခါမှသာ အောင်မြင်မှု ရရှိလာတယ်လို့ ရခိုင်ပြည်နယ် မာန်အောင်မြို့က ဖားမွေးမြူသူ ကိုကျော်ဆန်းထွေးက ပြောပါတယ်။

“ပြည်ပဖားသီးသန့် မွေးကြည့်တော့ ဒီကရာသီဥတုနဲ့ ကိုက်ညီမှုမရှိလို့ သေကျေပျက်စီးမှု များတယ်။ ၂၀၁၈ မှာတော့ ဒေသဖားတွေကို ဝယ်ပြီး ပြည်ပဖားနဲ့ သဘာဝစနစ် မျိုးစပ်ပြီး သားဖောက်တယ်။ အခုဆို အဆင်ပြေတယ် အောင်မြင်တယ်။”

လက်ရှိ ပြည်တွင်းဖြစ် ဒေသဖားတွေမှာ အလွန်ရှားပါးနေပြီး စားသုံးသူအတွက် လုံလောက်မှု မရှိတဲ့အတွက် ပြည်ပနိုင်ငံတွေကနေ မှာယူစားသုံးနေကြရပြီး မြန်မာပြည်တွင်းမှာ မွေးမြူထုတ်လုပ်ရေးစနစ်တခု ဖြစ်ပေါ်လာဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖားမွေးမြူရေး လုပ်ဆောင်ရာမှာ ဖားအရွယ်အစားအလိုက် ရောဂါပိုးမွှား မဖြစ်စေဖို့ ကာကွယ်ရေးနည်းစနစ်တွေကို အထူးလုပ်ဆောင်ရပြီး ဖားတွေ စားသုံးဖို့ အစာပြုလုပ်ရေးစနစ်မှာ အခက်အခဲရှိတဲ့အတွက် ဖားစာ ထုတ်လုပ်တဲ့နည်းစနစ်ကို အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ လိုအပ်နေပါတယ်။

 ဖားမွေးမြူသူ ကိုကျော်ဆန်းထွေးက “ကျနော်တို့က ဖားမွေးမြူရေးစနစ်မှာ ဖားတွေကို အရွယ်အစားအလိုက်ခွဲပြီး ထိန်းသိမ်းစောင့်ရှောက်ရေးပြုလုပ်ဖို့ အရေးကြီးတယ်။ ပြီးတော့ ဖားစာထုတ်လုပ်မှုစနစ်က အရမ်းအခက်အခဲ ရှိတယ်။ အခု ထိုင်း၊ ဗီယက်နမ် စတဲ့ဘက်က အစာကို မှာယူနေရတယ်။ အဲဒါကြောင့် ပြည်တွင်းက ဖားစာထုတ်လုပ်နိုင်တဲ့ ဖားစာထုတ်လုပ်တဲ့ နည်းစနစ်ကို အစိုးရက ထောက်ပံ့ပေးဖို့လိုတယ်။”

မြန်မာနိုင်ငံမှာ ဖားမွေးမြူတဲ့လုပ်ငန်းကို ၂၀၁၅ ခုနှစ်က စတင် စမ်းသပ်မွေးမြူလာကြပြီး ဟော်မုန်းနဲ့ သားဖောက်တာရှိသလို သဘာဝအတိုင်း ဖားသားဖောက်တဲ့ နည်းစနစ်နဲ့လည်း လုပ်ဆောင်ကြပါတယ်။

အခုအခါမှာ ဖားမွေးမြူရေးစနစ်ကို ရခိုင်ပြည်နယ်၊ မြစ်ကြီးနား၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းတို့မှာ မွေးမြူနေရပြီး ဖားသားပေါက် တကောင်ကို ကျပ် ၂၀၀ အကောင်ကြီး တပိဿာကို ကျပ်  ၉၀၀၀ မှ ၁၅၀၀၀ အထိ ပြည်တွင်းစျေးကွက်မှာ အရောင်းအဝယ်စျေး ဖြစ်နေတယ်လို့ သိရပါတယ်။

သားချစ်ဇော်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013