ရုရှားသမ္မတ ပူတင်ဟာ NATO နယ်မြေတွေကို တိုက်ခိုက်မှာမဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၂၇ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အရင်နေ့ကလည်း Axios သတင်းဌာနနဲ့ ထရမ့်ပ် ဖုန်းအင်တာဗျူးမှာ NATO အဖွဲ့ဝင်နိုင်ငံတွေကို ရုရှားက တိုက်ခိုက်မှာမဟုတ်ဘူးလို့ ပြောပါသေးတယ်။
စီအိုင်အေ အကြီးအကဲ ရတ်ကလစ်ဖ်ကို ရုရှားနိုင်ငံစေလွှတ်လိုက်တာက ထူးထူးခြားခြား သတင်းစကားပါးဖို့ မဟုတ်ဘူးလို့လည်း အဲဒီနေ့က ဖော်ပြခဲ့ပါတယ်။
ဥရောပနဲ့ အမေရိကန် စုံစမ်းရေးအဖွဲ့တွေဟာ ရုရှားနိုင်ငံရဲ့ အဖျက်အမှောက်လုပ်ငန်းတွေကို ကာလရှည် စောင့်ကြည့်နေပါတယ်။
ရုရှားဟာ NATO အဖွဲ့ဝင်နိုင်ငံတွေကို အပြည့်အဝ စစ်ပွဲဆင်နွှဲခြင်းထက် အဖျက်အမှောက် လုပ်ငန်းတွေကို လုပ်ဆောင်ပြီး စုစည်းမှုအားနည်းအောင် ရည်ရွယ်ချက်တွေကိုလည်း စောင့်ကြည့်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
NATO အဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားရဲ့ မတရားကျူးကျော်စစ် ဆင်နွှဲတာကို ခံနေရတဲ့ ယူကရိန်းကို ထောက်ပံ့ဖို့ ဆန္ဒရှိနေပါတယ်။
စစ်ပွဲတွေ ဆက်ပြီးဆင်နွှဲမယ်ဆိုရင် ပူတင် ဒါမှမဟုတ် ရုရှားကို အပြစ်ပေးမှာလားဆိုတဲ့ သတင်းထောက်တယောက်ရဲ့ မေးခွန်းကို ထရမ့်ပ်က “အဲဒါက သူတို့ရဲ့ လုပ်ဆောင်မှုအပေါ် မူတည်ပါတယ်။ ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်ပြီး ရုရှားရဲ့ အပြုအမူက တော်တော်လေး ကောင်းတယ်လို့ ထင်ပါတယ်။ နောက်ပြီး ခင်ဗျားတို့နားလည်ရမှာက သူတို့လုပ်ဆောင်တဲ့ အရာအားလုံးကို ကျနော်တို့ လုပ်ဆောင်နေတယ် ဆိုတာပါပဲ။ တချို့လူတွေက တရုတ်အကြောင်း မေးကြတယ်။ တရုတ်က ကျနော်တို့ကို ထောက်လှမ်းနေတာ ကြားတယ် ဆိုတာမျိုးပေါ့။ ကျနော်တို့လည်း တရုတ်လိုပဲ သူတို့ကို ထောက်လှမ်းမှုတွေ ပြုလုပ်ပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
ဒါ့အပြင် ထရမ့်ပ်က နီပေါရေဘေးမှာ အမေရိကန်နိုင်ငံသား ၅၀၊ ၆၀ လောက် ပျောက်ဆုံးနေတာကြောင့် အမေရိကန်ကလည်း အကူအညီပေးရေး ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတဲ့ အကြောင်းကိုလည်း ပြောပါတယ်။
Source: Reuters











