DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ Hot Line တခု စီစဉ်ပေးမည်
DVB
·
January 25, 2020
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ Hot Line တခု စီစဉ်ပေးမည်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မလိုလားအပ်တာတွေ မဖြစ်အောင် Hot Line တခု မကြာမီ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့   ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

အဲဒီ Hot Line ကနေ မီဒီယာတွေရဲ့ စုံစမ်းမေးမြန်းတာတွေအပြင် မင်္သကာစရာတွေ့ရင် ပြည်သူလူထုအနေနဲ့ သတင်းပေးနိုင်မယ်လို့ ပြောပါတယ်။ 

“မိမိပတ်ဝန်းကျင်မှာ နိုင်ငံခြားသားတွေ နေတဲ့အိမ်တွေ ဘာတွေပေါ့။ အဲဒီကနေ တခုခု မသင်္ကာတွေတွေ့ရင် ပြည်သူလူထုအနေနဲ့ Report လုပ်လို့ရအောင်ပေါ့။ အဲဒီမှာလည်း ကျနော်တို့ အင်ဖော်မေးရှင်းတွေ Collect လုပ်ပါမယ်။ အဲဒီမှာ မီဒီယာတင်မဟုတ်ဘူး၊ သာမန်ပြည်သူတယောက်ကလည်း ကျနော်တော့ ဒီလိုမျိုးလက္ခဏာရှိတယ်၊ သံသယရှိတယ်လို့ မေးလာခဲ့ရင် ပြန်ဖြေကြားနိုင်အောင် ကျနော်တို့ အဲဒီ Hot Line ကနေတဆင့် ဆောင်ရွက်ပေးပါမယ်။”

ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မြို့အဝင်အထွက်တွေကို ပိတ်ထားပါတယ်။ 

ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး  မြန်မာနိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို ဆိုက်ရောက်လာတဲ့ ခရီးသည်တွေကို WHO ရဲ့ စံနှုန်းတွေနဲ့ စစ်ဆေးကြည့်ရှုဆောင်ရွက်နေတယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်မှူး ဒေါက်တာခင်ခင်ကြီး ပြောပါတယ်။ 

အဲ့ဒီဗိုင်းရပ်ကြောင့် ကမ္ဘာတဝန်းမှာ လက်ရှိအချိန်အထိသေဆုံးသူ ၄၁ ဦးရှိပြီး ကူးစက်ခံရသူ ၉၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မြို့အဝင်အထွက်တွေကို ပိတ်ထားပါတယ်။ 

ဝူဟန်မြို့မှာ ဗိုင်းရပ်အကူးခံရတဲ့ လူနာတွေကို ကုသပေးဖို့ ဆေးရုံကြီးတခုကို ၆ ရက်နဲ့ အပြီးတည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013