DVB Logo
Home
မြန်မာသတင်း
ကန်ကြီးထောင့် အထက်တန်းကျောင်းခွဲ ဖွင့်လှစ်ပွဲ သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်
DVB
·
January 25, 2020
ကန်ကြီးထောင့် အထက်တန်းကျောင်းခွဲ ဖွင့်လှစ်ပွဲ သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်
1 / 9
Donate to DVB

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဝတ်ထိုးကျေးရွာက အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲပြီး သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်နဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပညာရေးဌာနက တိုင်းအဆင့် တာဝန်ရှိသူတွေလည်း တက်ရောက်လာခဲ့တယ်လို့ ဝတ်ထိုးကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ဓာတ်ပုံရိုက်ခဲ့သူ ကိုထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့လည်း အစက သတင်းမကြားဘူး၊ လာခါနီးမှ သိရတာ။ ဦးသိန်းစိန် ပါတယ်၊ ပြီးတော့ ဦးသိန်းအောင်လည်း ပါမယ်။ ကျောင်းဆောင်သစ်လှူတာတော့ သီတဂူဆရာတော်ကြီးက လှူတယ်လို့ ကြားပါတယ်။ သီတဂူဆရာတော်ကြီးလည်း ကြွရောက်ခဲ့ပါတယ်။”  

အသစ်ဆောက်လုပ်လှူဒါန်းတဲ့ ဝတ်ထိုးကျေးရွာ အ.ထ.ကခွဲ ကျောင်းဆောင်သစ်မှာ တန်ဖိုး သိန်း ၆၅၀ ကျော်ကုန်ကျခဲ့ပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ သီတဂူဆရာတော်ကြီးနဲ့ သမ္မတဟောင်း ဦးသိန်းစိန်၊ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်က တက်ရောက်လာသူတွေကို အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

သီတဂူဆရာတော်ကြီးက ဇန်နဝါရီ ၂၃ ရက်နေ့က ပုသိမ်မြို့တွင် တရားပွဲဟောကြားဖို့ လာရောက်ခဲ့ပြီး နောက်နေ့မှာ ကန်ကြီးထောင့်မြို့နယ် ဝတ်ထိုးကျေးရွာ အထက်တန်း ကျောင်းခွဲ ကျောင်းဆောင်သစ်အခမ်းအနားကို သွားရောက်ကာ ဖဲကြိုးဖြတ်ပေးပြီး အလှူ ရေစက်ချတာတွေပြုလုပ်ပေးခဲ့တယ်တာလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

ဓာတ်ပုံ - ကိုထိန်လင်း (ကန်ကြီးထောင့်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013