DVB Logo
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါဒိုင် အောင်ကိုလတ် သီဆိုသည့် ‘ဂန္ဓဗ္ဗ’ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
January 22, 2020
မြန်မာအိုင်ဒေါဒိုင် အောင်ကိုလတ် သီဆိုသည့် ‘ဂန္ဓဗ္ဗ’ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
Donate to DVB

မြန်မာအိုင်ဒေါဒိုင်တဦးဖြစ်တဲ့ အောင်ကိုလတ် သီဆိုထားတဲ့ “Fly Away To Our Destination” အမည်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။


ဒီသီချင်းကိုတော့ အောင်ကိုလတ်က သူကိုယ်တိုင် ရေးသားထားခဲ့ပြီး The Bros တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ သီဆိုထားခဲ့တာပါ။

ဒီဇာတ်ဝင်တေးဟာ သူကိုယ်တိုင်ရိုက်ကူးတဲ့ ‘ဂန္ဓဗ္ဗ’ ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးတပုဒ် ဖြစ်ကာ  သူ့ရဲ့သီဆိုဟန်နဲ့အတူ ဇာတ်ဝင်ခန်း မြင်ကွင်းပုံရိပ်တွေကိုပါ ရှုစား နားဆင်ကြရမှာ ဖြစ်ပါတယ်။

Aung Ko Latt Motion Pictures ကနေ ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ အောင်ကိုလတ်က ဂျပန်ရုပ်ရှင်ဒါရိုက်တာ Kitaro Kanematsu နဲ့ ပူးပေါင်းပုံ ဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဂျပန်-မြန်မာ အနုပညာရှင်တွေ ပူးပေါင်းပါဝင်ထားကြတဲ့ ဒီရုပ်ရှင်ကားကတော့ မြန်မာ့ ဂန္ထဝင်တူရိယာတမျိုးဖြစ်တဲ့ စောင်း၊ ဂျပန်စောင်းနဲ့ အီလက်ထရောနစ် ဂစ်တာ ၃ မျိုး ပေါင်းပြီးတော့ ထိထိမိမိ ရိုက်ကူးပြထားခဲ့တာဖြစ်ပြီး ဂီတဒရာမာဇာတ်ကားတကားအနေနဲ့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မျက်နှာသစ် မြန်မာသရုပ်ဆောင်မင်းသမီးတဦးဖြစ်တဲ့ ဒွန်နာလေးလာ (Donnaa Layla)ကို ဂျပန်တူရိယာ ရှာမီစံနဲ့ စောင်းဝါသနာရှင်ကောင်မလေး ကလျာအနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပြီး သူနဲ့အတူ ဂျပန်သရုပ်ဆောင်တွေ ဖြစ်တဲ့ Shunya Shiraishi ၊ Shun Sugata ၊ မြန်မာပရိသတ်တွေ သိကြပြီးဖြစ်တဲ့ မိုရီဆာကီဝင်း၊ ရန်အောင်၊ ခင်ဇာခြည်ကျော်၊ စည်သူမောင် စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင် ထားကြပါတယ်။

ချစ်ခြင်းမေတ္တာ စစ်မှန်ကြရင် အတားအဆီး အနှောင်အဖွဲ့တွေကနေ လိုရာခရီးကို ပျံသန်းနိုင်ကြမယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရေးဖွဲ့ထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာ လတ်တလောမှာတော့ အွန်လိုင်းပေါ် နာမည်ကြီးနေခဲ့ပြီး ဒီရုပ်ရှင်ကိုတော့ လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013