DVB Logo
Home
မြန်မာသတင်း
ဆရာမနှစ်ဦး အသတ်ခံရမှု ၅ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်၊ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို
DVB
·
January 20, 2020
ဆရာမနှစ်ဦး အသတ်ခံရမှု ၅ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်၊ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို
1 / 11
Donate to DVB

စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ဆရာမနှစ်ဦး ၅ နှစ်ပြည့် အောက်မေ့သတိရ ဆုတောင်းပွဲကို မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာရှိ ‌ဂျော်ဘွမ်ဆုတောင်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြပါတယ်။

အခမ်းအနားကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဦးဆောင်ပြုလုပ်တာ ဖြစ်ပြီး ကချင်တိုင်းရင်းသားတွေ၊ ကျန်ရစ်သူ မိသားစုတွေ အပါအဝင် တက်ရောက်လာသူ ၃ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

တက်ရောက်လာသူတွေက စေတနာ့ဝန်ထမ်း ဆရာမတွေဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် မခေါင်နန်စင်နဲ့ မရန်လုရာတို့ဟာ KBC(ကချင်)က ပညာသာသနာ လုပ်အားပေး အစီအစဉ်မှာ ပါဝင်ခဲ့သူတွေ ဖြစ်ကြပါတဘ်။

 သူတို့နှစ်ဦးဟာ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့၊ ကောင်းခါးကျေးရွာမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ညက အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာပါ။

အမှု ၅ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ဒီနေ့အချိန်အထိ အမှုမှန်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးတာကြောင့် အခမ်းအနား တက်ရောက်လာသူတွေက အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြပါတယ်။

























Photo - Yan Aung Htun / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013