DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီများအား UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံ
DVB
·
January 19, 2020
ကော့သောင်းတွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီများအား UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံ
Donate to DVB

ကော့သောင်း ပင်လယ်ပြင်မှာ ဖမ်းဆီးခဲ့တဲ့ ဘင်္ဂါလီတွေကို UEHRD အစီအစဉ်နဲ့ ပြန်လည်လက်ခံနေတယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့အထိတော့ ၉၅ ဦး ပြန်လည်လက်ခံထားပြီး နေထိုင်ခဲ့ခြင်း မရှိသူတွေကိုတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့သွားမယ်လို့ ပြောကြားပါတယ်။ 

မောင်တောခရိုင်ကို ပြန်ပို့ခံလိုက်ရတဲ့ ဘင်္ဂါလီ ၁၅၅ ဦးကို ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ အသေးစိတ်စစ်ဆေးကာ ဇန်နဝါရီ ၁၆ ရက်နေ့က ၂၉ ဦး၊ ၁၇ ရက်နေ့က ၁၉ ဦးနဲ့ ဇန်နဝါရီ ၁၈ ရက်နေ့က ၄၇ ဦး၊ စုစုပေါင်း ၉၅ ဦးကို လှဖိုးခေါင် ယာယီစခန်းကနေ သူတို့ မူလနေထိုင်ခဲ့တဲ့ ကျေးရွာတွေဆီ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

သူတို့ကို ကော့သောင်းပင်လယ်ပြင်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က တပ်မတော် ရေတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၇၂ ဦးကို ဇန်နဝါရီလ ၁၃ ရက်နေ့က တပ်မတော်ရေယာဉ်နဲ့ ရခိုင်ပြည်နယ် ပို့ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013