DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
January 12, 2020
Donate to DVB

အင်းတော်မြို့နယ်၊ ရွာဟောင်းကျေးရွာက စာသင်ကျောင်း စစ်ဆေးပေးပါ

စစ်ကိုင်းတိုင်းဒေသ၊ အင်းတော်မြို့နယ်၊ နမီးအုပ်စု၊ ဟောင်းတုန်းစီ ရွာဟောင်းကျေးရွာကပါ။ ရွာမှာ အုပ်ချုပ်ရေးပိုင်းတွေ အရမ်းညံ့ဖျင်းနေပါတယ်။ အစိုးရက စာသင်ကျောင်းအတွက် ချပေးတဲ့ငွေတွေလည်း ရှင်းတမ်းမရှိ ပျောက်နေပါတယ်။ ကျောင်းကလည်း လျှောက်ထားတဲ့အတိုင်း ဘာမှပြီးစီးမှုမရှိပါဘူး။ ကလေးတွေလည်း စာသင်ရတာ အဆင်မပြေပါဘူး။ ကျောက်သင်ပုန်းတွေကလည်း ဘာမှကိုသုံးစားလို့မရပါဘူး။ အစိုးရကချပေးပေမဲ့ ပိုက်ဆံတွေ အလာကားဖြစ်နေတာကို အထက်လူကြီးတွေအနေနဲ့ သေချာလေ့လာစေချင်ပါတယ်။ တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် အသိပေးရခြင်းပါ။

–အမည်မဖော်လိုသူတဦး

၂ နှစ်ပဲခံသည့် သပြေတန်းကြီးကျေးရွာ တံတား

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် သပြေတန်းကြီးကျေးရွာ အနောက်ဘက် နွေစပါးရေပိုလွှဲတူးမြောင်း တံတားမှာ ၂ နှစ်ပဲ အသုံးပြုရသေးပါတယ်။ တံတားအပေါ်ကြမ်းခင်းများ ပေါက်ပြဲနေပါသဖြင့် သက်ဆိုင်ရာလူကြီးများ သိအောင် ဒီဗွီဘီကတဆင့် အထက်လူကြီးမင်းများ သိအောင်တင်ပြပေးပါခမျာ။

–မောင်လွမ်းဝေ

ကူညီပါရစေ စာသား ဖြုတ်သင့်ပြီ

ကျနော်က ရှမ်းအရှေ့ ကျိုင်းတုံမြို့ ကပါ။ ရဲစခန်းရှေ့က ကူညီပါရစေဆိုတဲ့ စာသားက ဖြုတ်သင့်ပြီ ရှက်ဖို့အရမ်းကောင်းနေပြီ။ ပြည်သူအားကိုး ယုံကြည်မှုလုံးဝမရှိတော့ဘူး။ အာဏာရှင်ခေတ်အတိုင်း ဖြစ်နေပြီ။ ပြည်နယ်တွေမှာ မတရားဖိနှိပ်မှု လုပ်တာတွေ ခံနေကြရပါတယ်။ သူတို့စီးတဲ့ ကားတွေက without တွေ၊ ပြည်သူတွေစီးတာကိုတော့ နေ့တိုင်းပဲ ဖမ်းပြီး တစ်စီးကို ဒဏ်ငွေ ၅၀၀၀၀ ကျပ် ဆောင်နေရပါတယ်။ ဘယ်ကလဲ ဘာညာနဲ့မေးတယ်။ ဌာနဆိုင်ရာက ကားတွေဆို ပေါ်တင်ပဲလွှတ်ပေးတယ်။ without တွေ သွင်းတုန်းကလည်း ဝေစား မျှစားတွေ လုပ်ကြပြီး၊ ခုတော့ပြည်သူတွေရဲ့ ချွေးနဲစာတွေကိုလည်း ညစ်ပြီးစားသုံးရက်တယ်။ နယ်ကပြည်သူတွေ အများဆုံး အခံရဆုံးပါ။ လူ့အခွင့်အရေး တန်းတူညီမျှမှု ရရှိစေလိုသော ဆန္ဒဖြင့်သာ တောင်းဆိုခြင်းဖြစ်ပါတယ်။

–အမည်မဖော်လိုသူတဦး

ရေတစက်မျှ အသုံးပြုလို့မရသည့် ကနောင်မြို့က မြစ်ရေတင်စီမံကိန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကနောင်မြို့ကပါ။ တင်ပြချင်တာကတော့ မြန်အောင်မြို့နယ်၊ ရှမ်းကွင်းရွာအနီးမှာ တည်ဆောက်ထားတဲ့ မြစ်ကျိုးလျှပ်စစ် မြစ်ရေတင်အကြောင်းပါ။ အဆိုပါ မြစ်ရေတင်စီမံကိန်းမှာ ယနေ့ထိ တောင်သူလယ်သမားများ ရေတစက်မျှ အသုံးပြုနိုင်ခြင်း မရှိသလို လုံးဝလည်း ရေနဲ့ဝေး ရေလည်းတင်မရသည့်အပြင် နိူင်ငံခြားငွေဖြင့် ဝယ်ယူအသုံးပြုထားသော ရေတင် ပိုက်လုံးကြီးများမှာလည်း လယ်ကွင်းထဲ သံချေးတက်ပျက်စီးရမည့်ကိန်း ဆိုက်နေရပါပြီ။ နိူင်ငံပိုင်ငွေများကို အလွဲသုံးစားလုပ်၍ မည်သည့်တောင်သူလယ်သမားများမှ အသုံးပြု၍ မရခဲ့သော အဆိုပါ မြစ်ကျိုးလျပ်စစ် မြစ်ရေတင်စီမံကိန်းအား  တာဝန်ယူ/တာဝန်ခံ တည်ဆောက်ခဲ့ကြသော ပြည်သူ့ဘဏ္ဍာ အလွဲသုံးစား လုပ်စားသွားသူများအား သက်ဆိုင်ရာလူကြီးများမှ စိစစ်အရေးယူပေးနိုင်ပါရန် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါသည်။

ရဲရင့်ဇင် လဝန်းဝါဝါ 

ရေတင်ခ ၆ သိန်းကုန်ကျမည့် မြစ်ကြီးနားမြို့ မနက်စျေး စစ်ဆေးပေးပါ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် မနက်စျေး  စျေးကော်မတီဝင် အမျိုးသမီးတဦးမှ စစ်ကိုင်းတောင်ရိုးကရေကို စက်နဲ့စုပ်ပြီး တင်ဖို့အတွက် ၆ သိန်းကုန်မယ်ပြောပြီး စျေးသူစျေးသားများထံမှ အလှုခံနေပါသည်။ ဟုတ် မဟုတ် သိရှိဖို့ လာရောက် စစ်ဆေးပေးပါရန် အကြောင်းကြားအပ်ပါသည်။

အမည်မဖော်လိုသူတဦး

မီးခဏခဏပျက်တဲ့ ဓနုဖြူ

ကျနော်ကတော့ ဧရာဝတီတိုင်း၊ ဓနုဖြူကပါ။ မီးတွေခဏခဏပျက်လို့ တင်ပြလိုက်ပါတယ်။ မိုးတွင်း လေကြီး မိုးကြီးလည်း မီးမလာ၊ ဆောင်းတွင်းအအေးလွန်လည်း မီးမလာ၊ နွေ ပူပြင်းခြောက်သွေ့လည်း မီးမလာ၊ ပြည်သူတွေ ဘယ်အချိန်သုံးရအံ့။ မီတာခကတော့ စံချိန်ပါပဲဗျာ။

ကြယ်စင်လမင်း 

ကြံခင်းမြို့က ရဲတွေကို မေးပေးပါ

သမီးတို့ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့က ရဲတွေကို မေးပေးပါ။ ၂ လုံး၊ ၃ လုံး ဒိုင်ကြီးတွေကျ လိုင်းကြေးမတရားရလို့ မဖမ်းဘဲ မိသားစု ၀င်ငွေမလောက်လို့ အနည်းငယ်လောက် အဲဒီဒိုင်ကြီးတွေဆီက လက်ခွဲယူရောင်းနေတဲ့ အမျိုးသမီးတွေကိုတော့ ဟိုလူတိုင်လို့ ဒီလူတိုင်လို့ဆို အကြောင်းပြ သူတို့ကို လိုင်းကြေးမပေးလို့ ၀င်ဖမ်းနေတာ ပျော်ရဲ့လားလို့။ သမီးအကောင့်ကိုတော့ မဖော်ပြပါနဲ့ရှင့်။

–အမည်မဖော်လိုသူတဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013