DVB Logo
Home
မြန်မာသတင်း
လေးတောင်မြို့တွင် အစိုးရရုံးများဆောက်လုပ်ရန် မြေနေရာ သတ်မှတ်
DVB
·
January 12, 2020
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ လေးတောင်မြို့မှာ အစိုးရဌာနဆိုင်ရာရုံးတွေ ဆောက်လုပ်ဖို့ ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့တို့က မြေနေရာသတ်မှတ်တာ ပြီးစီးပြီလို့ ပြောပါတယ်။

လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက “အစိုးရဌာနဆိုင်ရာရုံးတွေကို ဝါးကျိန်ပြင်ဘုရား အရှေ့ဘက် မော်မှာရှိတဲ့ ရွာဘုံမြေကို သတ်မှတ်ထားပါတယ်။ အဲဒါကိုလည်း ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့တွေ လာပြီးတော့ မြေပြင်အခြေအနေ ကွင်းဆင်းကြည့်ရှုပြီးပြီ။ ပြည်သူပိုင် မြေတွေ မပါဘူး၊ ဒီမြေက မြေလွတ်မြေရိုင်းတွေဖြစ်တယ်” လို့ ပြောပါတယ်။

ဌာနဆိုင်ရာရုံးတွေကို ဝါးကျိန်ပြင်ဘုရားအရှေ့ဘက်ရှိ မြေလွတ်မြေရိုင်းနေရာမှာ ဆောက်လုပ်ဖို့ သတ်မှတ်ထားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ မီးသတ်ဌာနရုံးတို့ကို ဦးစွာတည်ဆောက်သွားမယ်လို့ လေးတောင်မြို့ ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

အဆိုပါ မြို့အတွက် အစိုးရဌာနဆိုင်ရာရုံးတွေ ဆောက်လုပ်ဖို့ မြေဧက ၁၂ ဧက လိုအပ်မယ်လို့ ခန့်မှန်းထားကြပြီး လက်ရှိမှာ မြေလွတ်၊ မြေရိုင်းဧက ၁၀ ကျော်သာ ရရှိထားသေး ပြီး နောက်ထပ် လိုအပ်တဲ့ မြေဧကတွေ ဘယ်လိုလုပ်ဆောင်ရွက်သွားမယ်ဆိုတာတော့ မသိရသေးပါဘူး။

အစိုးရရုံးတွေ တည်ဆောက်ရေးကိစ္စနဲ့ပတ်သက်ပြီး အခုလက်ရှိမှာ အကောင်အထည် ဖော်ဆောင်ရွက်တာ မရှိသေးသလို မြေရာသတ်မှတ်ချက်တခုသာ လုပ်ထားသေးတယ်လို့ ဆိုပါတယ်။

မြို့ဖြစ်မြောက်ရေး ကော်မတီလအတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက “ဒီအရှေ့ဘက်ကုန်းတန်းက ၁၀ ဧကကျော်လောက်ရှိပါတယ်။ ဒီမြေနဲ့ဆက်စပ် လယ်မြေတွေတော့ရှိတယ်။ ဒါပေမယ့် လယ်သမားမြေတွေကို မတိုင်းတာသေးဘူး။ ပါမယ်၊ မပါဘူးဆိုတာလည်း မသိသေးဘူး။ အစိုးရကတော့ လယ်မြေတွေကို မလိုချင်ဘူးလို့ပြောတယ်၊ အခုလောလောဆယ်မှာတော့ အဆောက်အဦ ဆောက်လုပ်ဖို့ ဘတ်ဂျက်က တင်ပြထားတုန်းပဲ ရှိသေးတယ်၊ အကောင်အထည်ဖော်တာ မရှိသေးဘူး” လို့ ပြောပါတယ်။

လေးတောင်မြို့ဟာ ယခင် ရမ်းဗြဲ မြို့အတွင်းရှိ တိုက်နယ်တခုဖြစ်ပြီး အခုအခါ အများပြည် သူတင်ပြ တောင်းဆိုမှုကြောင့် ၂၀၁၉ စက်တင်ဘာလအတွင်းက အစိုးရအနေနဲ့ မြို့အဖြစ်သတ်မှတ်ခဲ့ပြီး တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာကို မြို့ ရပ်ကွက်အလိုက် အမှတ် ၁ မှ အမှတ် ၅ အထိ ရပ်ကွက် ၅ ခုအဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့ပါတယ်။

အခု အစိုးရရုံးများ ဆောက်လုပ်မည့်နေရာဟာ အမှတ် ၂ ရပ်ကွက်အနီးဖြစ်ပြီး ယခင်ကျေးရွာတွေဖြစ်တဲ့ ကွမ်းအိမ်၊ အရှေ့ဘက်မော်၊ ရွာထက်ကျေးရွာတွေအနီး ဖြစ်ပါတယ်။

သားချစ်ဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013