DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
January 5, 2020
Donate to DVB

အမေ ဒေါ်အောင်ဆန်းစုကြည် သိစေဖို့

ဒီစာလေးကို အမေဒေါ်အောင်ဆန်းစုကြည် သိအောင်ဖတ်ကြားပေးပါ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ရေနံ့သာ အနာကြီးဆေးရုံဟာ ဒေသခံတောင်သူတွေရဲ့ ယာမြေ ၂၀၀၀ နီးပါးကို သိမ်းယူထားပြီး အစွန်အဖျားပိုင်းကျတဲ့မြေအချို့ကိုသာ ပြန်စွန့်ပြီး ဧက ၆၀၀ ကျော်ကို မလိမ့်တပတ်လုပ်ကာ ကျန်းမာရေးဌာနက ဆက်သိမ်းထားပါတယ်။ ဆေးရုံအတွက် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဧက ၁၀၀ ဆိုလျှင် လုံလောက်မယ်လို့ထင်ပါတယ်။ ကျန်မြေတွေကို ဒေသခံတွေ လုပ်စားခွင့်ရဖို့ အမေစု စိစစ်သတ်မှတ် ချထားပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

-U Lay Gyi 

ချောက်မြို့နယ်က လောင်းကစားဝိုင်းများ အရေးယူပေးပါ

မကွေးတိုင်း၊ ချောက်မြို့နယ် တွင်းလပ်ကျေးရွာမှာ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ သုံးလုံး လောင်းကစားတွေရှိနေတာ ဘာလို့မဖမ်းတာလဲဆိုတာ သိချင်လို့ပါ။ အဲဒါတွေရှိနေတော့  ရွာမှာရှိတဲ့ အမျိုးသားတွေက ဘာမှကိုမလုပ်တော့ဘူး။ အဲဒါတွေ လုပ်နေတော့ စားဝတ်နေရေး အဆင်မပြေမူတွေများလာလို့ပါ။

-အောင်ကြီး

လှိုင်သာယာ သိမ်းဆည်မြေ ဘယ်တော့ဖြေရှင်းပေးမလဲ

ကျနော်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၉ ရပ်ကွက်တွင် နေထိုင်သူတယောက်ပါ။ အကြောင်းကလယ်မြေကိစ္စတွေပါ။ သောင်ကြီးလေးကျေးရွာ၊ ရေဥက္ကံသောင်ကြားဆိုတာ ယခုလက်ရှိ လှိုင်သာယာစက်မှုဇုန် (၁) မှ (၄) ထိ သိမ်းဆည်းခံလယ်မြေပေါ်မှာ စက်မှုဇုန် တည်ထားတာပါ။ ကျနော်တို့ တောင်သူတွေမှာ အခြေပျက်အနေခက်တာ ဆယ်စုနှစ်ကျော်လို့ အရပ်သားအစိုးရလက်ထက် ရောက်ရှိတာလည်းကြာပါပြီ။ တချို့လည်း နစ်နာကြေးအဖြစ် လျော်ပေးပြီးပြီ။ ကျန်ရှိနေတဲ့ သိမ်းဆည်းခံလယ်မြေကို ဘယ်တော့လောက်မှ ဖြေရှင်းပေးမှာလဲ သိလိုပါသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြောပေးပါဦးခင်ဗျ။

-ဟန်လေး

ဟုတ်ကဲ့ပါ အမြန်ဆုံးလုပ်ပေးပါမယ်ပြောပြီး ဘာမှမလုပ်သေးပါ

ကောလင်းမြို့နယ်၊ တောင်ကြီးကျေးရွာအတွင်း တိုးချဲ့မီးလင်းရန် ကျန်ရှိသော အိမ်ထောင်စုများ   မီတာအိုးတပ်ဆင်/အိမ်တွင်းဝါယာကြိုးများ သွယ်တန်းကာ မီးချိတ်ဆက်ခွင့် လင်းခွင့်မရရှိသော အိမ်ထောင်စုများအား  ၁၅-၁၂-၂၀၁၉ ရက်နေ့ ကောလင်းမြို့နယ် လူထုတွေ့ဆုံပွဲ အခမ်းနား၌ တိုးချဲ့မီး ချိတ်ဆက်လင်းပေးနိူင်ရေးအတွက် တောင်ကြီးကျေးရွာသားတယောက်၏ တင်ပြဆွေနွေးမှုအား ဝန်ကြီးချုပ်က ပြန်လည်ပြောသွားသည့် အမှာစကားလေးက  မင်းတို့ကိုယ်ခိုင်းထားတာကြာပြီ ဘာဖြစ်လို့ မလုပ်ပေးသေးတာလဲ။ လျှပ်စစ်နှင့်လမ်းပန်းက ပထမ၊ လျှပ်စစ်ကဒုတိယ မင်းတို့အမြန်ဆုံးလုပ်ပေးကြ။ အမြန်ဆုံးသွားပြီးချိတ်ဆက်ပေးကြဖို့ ပြောကြားသွားပါတယ်။ လျှပ်စစ်ဆိုင်ရာအဖွဲ့က ဟုတ်ကဲ့ပါ အမြန်ဆုံးလုပ်ပေးပါမယ်ဟု ဖြေကြားပြီး  ယနေ့အချိန်ထိ ဘာမှမလုပ်ဘဲ ဒီအတိုင်း အချိန်ဆွဲထားခြင်းသည် ဝန်ကြီးချုပ်စကားကို မလေးစားလို့လား ဘာကြောင့်လဲဆိုတာ မသိသေးသည့် အတွက် တင်ပြလိုက်ရပါတယ်။

-ဇော်ကြီး

တိုက်ကြီးမြို့ အလင်းရောင်လမ်းက ရေမြောင်းတွင် အမှိုက်များ ပိတ်ဆို့နေ

ကျနော်က တိုက်ကြီးမြို့က ရဲသူဇေယျာအောင် ပါ။ ကျနော်တို့ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက် ဝန်ထမ်းကွက်သစ် အလင်းရောင်လမ်းတွင် ရေမြောင်းတွင်းအမှိုက်များ ပိတ်ဆို့နေပါသည်။ ဒါကိုသက်ဆိုင်ရာ လူကြီးများသိအောင် ဖတ်ကြားပေးပါ ကျေးဇူးတင်ပါသည်။

အသံချဲ့စက်နဲ့ တရားခွေဖွင့်တာ တားဆီးပေးပါ

ကျနော်က မကွေတိုင်းဒေသကြီး  ရေစကြိုမြို့နယ် မအူကျောက်ဖူး ကျေးရွာကပါ။ ကျနော်တို့ တောသူတောင်သားတေဟာ တနေ့လုံး ပင်ပန်းသမျှ  ညအိပ်ချိန်လေးပဲ နားရတာ၊ မနက် လေးနာရီထိုးရင် အသံချဲ့စက်နဲ့ နေ့စဉ် တရားခွေဖွင့်တော့ အိပ်ရေးတွေပျက်ပြီး ကျန်းမာရေးထိခိုက်မှ‌ လူတိုင်းကြုံနေရပါတယ်။ ဘာသာရေး မကြည်ညိုလို့မဟုတ်ပါ၊ ဖွင့်တဲ့အချိန်က စောလွန်းတော့ အိပ်ရေးပျက်တဲ့ ဒုက္ခ တရွာလုံး  ခံနေရပါတယ်။ ဒီလိုဖွင့်နေတာကို ထိန်းသိမ်းပေးဖို့ လူကြီးမင်းများ သိရှိစေရန် ဖတ်ကြားပေးစေလိုပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

-ဇော်ဇော်

အင်းစိန်မြို့နယ်မှာ ညဘက် ရဲကင်းလှည့်ပေးပါ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်က ပျက်စီးနေတဲ့ လူငယ်တွေကို ထိထိရောက်ရောက် ဖမ်းဆီးစေချင်ပါတယ်။ အဓိကကတော့ ဆေးသုံးတဲ့သူတွေ သူများပစ္စည်း ညသန်းခေါင် လိုက်ခိုးယူနေတဲ့သူတွေပေါ့။ ညဘက်တွေမှာ ရဲကင်း လှည့်ပေးပါလို့ တောင်းဆိုးပါတယ်။ အင်းစိန်မြို့နယ်က (၇)လမ်းအောက်ပိုင်း မှာပါ။ ကျေးဇူးတင်ပါတယ်။

-အောင်နိုင်မိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013