DVB Logo
Home
မြန်မာသတင်း
ဆယ်အိမ်တန်း ကမ်းခြေနှင့် လက်ခုပ်ကုန်းကမ်းခြေ ပြန်လည်ပြုပြင်မည်
DVB
·
December 30, 2019
ဆယ်အိမ်တန်း ကမ်းခြေနှင့် လက်ခုပ်ကုန်းကမ်းခြေ ပြန်လည်ပြုပြင်မည်
1 / 4
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အများပြည်သူ အပန်းဖြေ ကမ်းခြေနှစ်ခုကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြန်လည်ပြုပြင်ဖို့ စီစဉ်နေပါတယ်။

ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စု ရွှေအလယ်ရွာကျေးရွာရှိ ဆယ်အိမ်တန်း ကမ်းခြေ ဘက်စုံအဆင့်မြှင့်တင်ရေးလုပ်ငန်းတွေအတွက် ပြုပြင်ဆောင်ရွက်ရမယ့် နေရာတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရတာဝန်ရှိသူတွေက မနေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒါ့အပြင် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာရှိ လက်ခုပ်ကုန်း ကမ်းခြေဟိုတယ်ကိုလည်း ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် တာဝန်ရှိသူတွေနဲ့ ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်ခုပ်ကုန်းကမ်းခြေဟာ နာဂစ်မုန်တိုင်းကြောင့် အရင်ကကမ်းခြေရှိ သဲမြေတွေ နေရာမှာ နုန်း‌မြေတွေ ဖြစ်ပေါ်ခဲ့လို့ အဲဒီနေရာကို နည်းပညာအကူအညီနဲ့ ပြုပြင်ဆောင်ရွက်နိုင်ဖို့ သွားရောက်ကြည့်ရှု လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့နေလူထုအတွက် အနီးဆုံးဖြစ်တဲ့ အပန်းဖြေကမ်းခြေနှစ်ခုဟာ ပြုပြင်ထိန်းသိမ်းခြင်းမရှိတာနဲ့ တခြား ပင်လယ်ကမ်းခြေတွေနဲ့ နှိုင်းယှဉ်ပါက ရေမသန့်တာကြောင့် သွားရောက် လည်ပတ်သူ နည်းပါးနေတာ ဖြစ်ပါတယ်။

လတ်တလော အများပြည်သူတွေ အသွားအလာများတဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေဟာလည်း ရန်ကုန်-ညောင်တုန်း-ပုသိမ် ကားလမ်းပိုင်း အခြေအနေ ဆိုးရွားနေတာကြောင့် ခရီးသွားလာသူတွေအတွက် နှောင့်နှေးကြန့်ကြာနေပါတယ်။







ဓာတ်ပုံ- Chief Minister Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013