DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းကမ်းခြေဟိုတယ်များ သီတင်းကျွတ်အတွက် အခန်းအားလုံးနီးပါး ဘွတ်ကင်ရထား
DVB
·
September 21, 2025
ဧရာဝတီတိုင်းကမ်းခြေဟိုတယ်များ သီတင်းကျွတ်အတွက် အခန်းအားလုံးနီးပါး ဘွတ်ကင်ရထား
1 / 4
Donate to DVB

သီတင်းကျွတ်ပိတ်ရက်ကာလအတွက် ဧရာဝတီတိုင်း ကမ်းခြေတွေက ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ အခန်းတွေအားလုံးနီးပါး ကြိုတင်ဘွတ်ကင်ရထားပြီလို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေက ဟိုတယ်အခန်းတွေ ကြိုတင်မှာယူတာ များနေပြီး ရန်ကုန်တိုင်းဘက်က မှာယူတာများတယ်လို့ ဆိုပါတယ်။

ငွေဆောင်မြို့က ဟိုတယ်လုပ်ငန်းရှင်တယောက်က “ဒီနှစ် ဧရာဝတီတိုင်းက ကမ်းခြေတွေကို ပုံမှန်ရက်တွေမှာလည်း ခရီးသွားဧည့်သည်တွေလျော့နည်းနေတယ်။ လာမယ့်သီတင်းကျွတ်ကာလ အားလပ်ရက်အပန်းဖြေဖို့အတွက်ဆိုပြီး ဟိုတယ်နဲ့တည်းခိုရိပ်သာတွေမှာ အခန်း ကြိုတင်မှာယူတာတွေ အရမ်းများနေတယ်။ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းကြိုယူတာ ၁၀၀ ရာခိုင်နှုန်း ပြည့်သလောက် ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲကကမ်းခြေတွေမှာ လုပ်ငန်းလိုင်စင်ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့တည်းခိုရိပ်သာ အလုံးရေ ၁၂၀ ရှိပြီး ပုသိမ်မြို့နဲ့ တခြားဒေသတွေမှာ ၄၆ လုံး၊ ငွေဆောင်ကမ်းခြေမှာ ၃၅ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေမှာ ၃၉ လုံးရှိတယ်လို့ သိရပါတယ်။

ချောင်းသာမြို့က ခရီးသွားလုပ်ငန်းရှင်တယောက်က “အခုအချိန်အထိတော့ လာတဲ့ ဧည့်သည်တွေ ပြဿနာ တစုံတရာဖြစ်ပွားတာမရှိပါဘူး။ လက်ရှိကမ်းခြေတွေမှာ လာမယ့်သီတင်းကျွတ် ရုံးပိတ်ရက်အနားယူအပန်းဖြေဖို့ ရန်ကုန်တိုင်းဘက်နေ ဟိုတယ်အခန်းဘွတ်ကင်ယူတာ များနေတယ်။ ဟိုတယ်တွေရော၊ တည်ခိုခန်းတွေပါပြည့်ခဲ့တဲ့အထိ ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးမမှန်တဲ့အတွက် ဧရာဝတီတိုင်းက ဟိုတယ်လုပ်ငန်းတွေဟာ စက်သုံးဆီကို အဓိကအသုံးပြု လည်ပတ်နေရတာ၊ အထွေထွေကုန်ကျစားရိတ် အဆမတန်မြင့်တက်လာတာကြောင့် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနက ဧရာဝတီတိုင်းက ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်တွေနဲ့ဆက်စပ်ပြီး သစ်တောဦးစီးဌာနက ဆင်စခန်းတွေ၊ မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်းစတဲ့နေရာတွေကို စီစဉ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013