DVB Logo
Home
မြန်မာသတင်း
မြင်းခြံထောင်တွင် ဆူပူမှုဖြစ်ပွား၊ ဥပဒေချိုးဖောက်သည့်ထောင်သားများကို အရေးယူမည်
DVB
·
December 30, 2019
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံထောင်မှာ ဒီမနက်က ထောင်ဆူခဲ့ပြီး နေ့လယ်မှာတော့ ပြန်ငြိမ်သွားပြီလို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ညအိပ်ဆောင်တံခါးမှာ လူတယောက်ပဲ ထွက်လို့ရအောင် သံကြိုးတပ်တာကြောင့် ထောင်သားတွေ မကျေမနပ်ဖြစ်ကာ ထောင်ဆူပူကြတာဖြစ်ပြီး အခုမနက် ၁၁ နာရီခွဲမှာ ပြန်ငြိမ်သွားပြီလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒု ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။

“ညဘက်အချိန်မတော် ကျန်းမာရေးကိစ္စကြောင့် အပြင်ထွက်ဖို့လိုလို့ တံခါးဖွင့်ရင် တယောက်ပဲ ထွက်လို့ရအောင် သံကြိုးနဲ့ချည်လိုက်တာပါ။ ဒီတိုင်းဖွင့်လို့ ဝေါဆို ထွက်သွားရင် လုံခြုံရေး ကျိုးပေါက်မယ်လေ။ သံကြိုးတပ်လို့ ရမယ်ရှာပြီး ဆူကြတာ” 

ဒါဟာ လုံခြုံရေးအရ လိုအပ်လို့လုပ်တာဖြစ်ပြီး နေ့ဘက်မှာ တံခါးကို အပြည့်ဖွင့်ထား တယ်လို့ ထောင်အာဏာပိုင်ဘက်က ပြောပါတယ်။

ထောင်ဆူတာနဲ့ ပတ်သက်လို့ ဘယ်လိုအရေးယူမယ်ဆိုတာ မပြောနိုင်သေးပေမယ့် ဒါဟာ ဥပဒေကို ချိုးဖောက်တာလို့ သူက ပြောပါတယ်။

“တနင်္လာမနက် တန်းစီတာမှာ တင်ပြလို့ရတယ်လေ။ အဲလိုမတင်ပြဘဲ ဒီလိုလုပ်တာက အပြစ်ရှိတယ်။ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာ၊ အကျဉ်းထောင် ဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ အရေးယူမယ်၊ မယူကတော့ ပြောလို့မရသေးဘူး။ စိစစ်ပြီးမှ သိရမှာပါ” 

ပြီးခဲ့မေလကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ  သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ မပါတဲ့ အကျဉ်းသားတွေက ဆူပူခဲ့လို့ ထောင်အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖောက်ဟန့်တားခဲ့ရပြီး အကျဉ်းသား ၄ ဦး သေဆုံးသွားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013