DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရေတပ်၏ အကြီးဆုံးစစ်သင်္ဘော မုတ္တမ တပ်တော်ဝင်
DVB
·
December 25, 2019
မြန်မာ့ရေတပ်၏ အကြီးဆုံးစစ်သင်္ဘော မုတ္တမ တပ်တော်ဝင်
1 / 13
Donate to DVB

တပ်မတော်(ရေ)  ၇၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနဲ့  မြန်မာ့ရေတပ်ရဲ့ အကြီးဆုံးစစ်သင်္ဘော ဖြစ်လာမယ့်  စစ်ရေယာဉ်မုတ္တမအား စတင်အသုံးပြုတဲ့ တပ်တော်ဝင် အခမ်းအနားကို  ရန်ကုန်မြို့ သီလဝါရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှာ ဒီဇင်ဘာ ၂၄ ရက်က ကျင်းပပါတယ်။













ကိုရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ မြန်မာရေတပ်ရဲ့ အကြီးဆုံး ဘက်စုံသုံး ထောက်ပံ့ရေးရေယာဉ်မုတ္တမ အပါအဝင် ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေးရေယာဉ်( မြစ်ကြီးနား)၊ ၂၇ မီတာ အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး၊ ၂၆ မီတာ ပင်လယ်သွားတွဲ/ ဆွဲရေယာဉ် ၂ စီးနဲ့ ၂၀ မီတာမြစ်တွင်းသွား ကင်းလှည့်ရေယာဉ် ၂ စီးတို့ကိုလည်း  တပ်တော်ဝင်ခဲ့ပါတယ်။ 

ဒီဇင်ဘာ ၂၄ ရက်မှာ ကျရောက်တဲ့ မြန်မာ့တပ်မတော်(ရေ) ၇၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ် (၃) ရေတပ်ဆိပ်ခံတံတားမှာ  ကျင်းပရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နဲ့ တပ်မတော် ထိပ်တန်းအရာရှိတွေ တက်ရောက်ပါတယ်။












တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာမှာ ဒီနေ့ဟာ တပ်မတော်(ရေ)အတွက် သမိုင်းသစ်စခဲ့တဲ့ နေ့တနေ့ဖြစ်ပြီး မြန်မာနိုင်ငံမှာ အကြီးမားဆုံး ဘက်စုံသုံး ထောက်ပံ့ရေးရေယာဉ်ကြီးအပါအဝင် စစ်ရေယာဉ်တွေ တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်(ရေ)ကို သာမန်ရေတပ်မှ နိုင်ငံတကာအဆင့် ဝင်ဆံ့နိုင်တဲ့ ပင်လယ်ပြာတပ်မတော်အဆင့် ရောက်အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်၊၊

ဒါ့အပြင် ရေတပ်သင်္ဘောကျင်းအနေနဲ့ ဖရီးဂိတ်စစ် ရေယာဉ်ကစပြီး  ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ခဲ့လို့ တိုင်းပြည်အတွက် ငွေကြေးကုန်ကျမှုကို လျှော့ချနိုင်ခဲ့တယ်၊ သင်္ဘောကျင်းဌာနချုပ်ကို အဆင့်မြှင့်တင် ဆောင်ရွက်နေလို့ အနာဂတ်မှာ အရည်အသွေးနဲ့ စွမ်းရည်ပိုမိုကောင်းမွန်တဲ့ စစ်ရေယာဉ်တွေ ဆက်လက်တည်ဆောက်နိုင်မယ်လို့ ပြောပါတယ်။

အခမ်းအနားမှာ ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျ ဦးဆောင်တဲ့ ဖရီးဂိတ်စစ်ရေယာဉ်-ကျန်စစ်သား၊ ဖရီးဂိတ်စစ်ရေယာဉ်-ဆင်ဖြူရှင်၊ ကော်ဗက် စစ်ရေယာဉ်-တပင်ရွှေထီး၊ ကော်ဗက်စစ်ရေယာဉ်-ဘုရင့်နောင်နဲ့ အမြန်သွား တိုက်ခိုက်ရေးရေယာဉ်တွေက  Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြုခဲ့ကြပါတယ်။












Photo - MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013